လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ် ခေတ္တပျက်

1.1K
အင်တာနက် လူမှုရေး ကွန်ရက် ဖေ့ဘွတ်နဲ့ ဆက်စပ် စာမျက်နှာ အင်စတာဂရမ် တို့ ဇန်န၀ါရီ ၂၇ ရက်နေ့ ၁၁ နာရီ ၅၀ ခန့်ကနေ စတင်ပျက်သွားတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။
ဖေ့ဘွတ်ခ် စာမျက်နှာတွေကို ဖွင့်လိုက်ရင် “၀မ်းနည်းပါတယ်၊ တခုခု မှားယွင်းနေပါတယ်၊ ကျနော်တို့ ဒါကို လုပ်ဆောင်နေပြီး အမြန်ဆုံးပြင်ဆင်နိုင်အောင် ကြိုးစားနေပါတယ်” နဲ့ “ဆာဗာကို ရှာမတွေ့ဘူး”ဆိုတဲ့ စာသားတွေကို မြင်တွေရတယ်လို့ နိုင်ငံတကာ သတင်းတွေက ရေးပါတယ်။
ပျက်သွားတဲ့အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မတွေ့ရတော့ဘူးလို့လည်း ဆိုပါတယ်။
မိုဘိုင်းဖုန်းကနေ တဆင့်အသုံးပြုတဲ့သူတွေကလည်း ဖေ့ဘွတ်ခ်စာမျက်နှာကို ၀င်ရောက်လို့ မရတော့ဘူးလို့ ဆိုပါတယ်။
စက်တင်ဘာလကလည်း ဖေ့ဘွတ်ခ် ၂ ကြိမ်လောက် ပျက်သွားတယ်လို့ နိုင်ငံတကာ သတင်းတွေက ရေးပါတယ်။
အမေရိကန်နဲ့ အိန္ဒိယက အသုံးပြုတွေကလည်း ၀င်လို့မရတဲ့ ပြောဆိုမှုတွေရှိနေတယ်လို့ နိုင်ငံတကာ သတင်းမှာရေးပါတယ်။
အကြောင်းအရင်းကို သိရဖို့ အတွက် ဖေ့ဘွတ်ခ်က တာဝန်ရှိသူတွေကို ဆက်သွယ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိ ထိုင်းစံတော်ချိန် ၂ နာရီကျော်မှာပြန်လည်ရရှိသွားပြီဖြစ်ပါတယ်။
ကိုးကား - http://gadgets.ndtv.com