A d v e r t i s e m e n t With Us

အစိုးရလုံခြုံရေးတပ်များနှင့် ကျောင်းသားသပိတ်စစ်ကြောင်းတို့ ထိပ်တိုက် ရင်ဆိုင်နေရ

မန္တလေး-ရန်ကုန် ကျောင်းသားသပိတ်စစ်ကြောင်း ချီတက်နေတဲ့ မြင်းခြံကနေ တောင်သာမြို့အသွား ကားလမ်းကို အစိုးရ လုံခြုံရေးတပ်တွေ အပြည့်ချပြီး လမ်းပိတ်ဆို့ထားလိုက်ပြီဖြစ်တဲ့အတွက် နှစ်ဘက် နာရီပိုင်းအတွင်း ထိပ်တိုက်တွေ့မယ့်အနေအထားကို ဆိုက်ရောက်နေပါတယ်။ အစိုးရအာဏာပိုင်များက တောင်သာမြို့ကနေ မြင်းခြံမြို့ဘက်ကို အထွက် ၂ မိုင်အကွာမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားလိုက်ပါတယ်။ လမ်းပိတ်ဆို့တဲ့နေရာအနီးမှာ ရောက်ရှိနေတဲ့ ကျောင်းသားလူငယ်တဦးကို  ဗမာစံတော်ချိန် မနက် ၁၁ နာရီမှာ ဒီဗွီဘီ ၀ိုင်းတော်သား ကိုအေးနိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။ ဆက်သွယ်မေးမြန်းချက် အသံဖိုင်... တားဆီးခံရမှု ရုပ်သံဖိုင်... [gallery ids="78882,78883,78884"]    

A d v e r t i s e m e n t With Us

More News
Up