တပ်မတော်အင်ဂျီနီယာကျောင်းဧရိယာပိုင် အငြင်းပွားမှု ပဋိပက္ခ ဖြစ်ပွား
DVB
·
January 27, 2015
ပြင်ဦးလွင်မြို့ တပ်မတော်အင်ဂျီနီယာကျောင်း ဧရိယာပိုင်အတွင်း ၁၉၉၄ ခုနှစ်မှစတင်ပြီး သတ်မှတ်အခွန်ပေးဆောင်ကာ နေထိုင်သူများကို ၂၀၁၃ ခုနှစ် နှစ်လည်မှစတင်ပြီး ဖယ်ရှားစေခဲ့ပါတယ်။
တပ်ပိုင်ဧရိယာအတွင်းနေထိုင်သူ မိသားစု ၂၀၀ ခန့်ရှိပြီး ဇန်န၀ါရီလ ၂၇ ရက်နေ့ မနက် ၈နာရီခန့်မှာ ခြံစည်းရိုးခတ်မှုများ ပြုလုပ်ရန်လာတဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဆုံရာမှ မိန်းကလေး ၂ ဦးနဲ့ ယောင်္ကျား ၂ ဦး ဒဏ်ရာရရှိပြီး ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရပါတယ်။
သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
[gallery ids="78840,78841,78842,78843"]