အာဖရိကဖလား တူနီးရှားနှင့် ကွန်ဂို သမ္မတနိုင်ငံ ကွာတားတက်
အီကွေတိုးရီးယား ဂီနီယာ နိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကဖလား ဘောလုံး ပြိုင်ပွဲ အုပ်စု (ခ)က တူနီးရှားနဲ့ ကွန်ဂို သမ္မတနိုင်ငံတို့ ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
တူနီးရှားအသင်းက ၃ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲသရေ ၅ မှတ်နဲ့ တက်ရောက်သွားသလို ကွန်ဂို သမ္မတနိုင်ငံကတော့ ၃ ပွဲကစား ၃ ပွဲသရေ ၃ မှတ်နဲ့ ကိတ်ဗာဒီကျွန်းစုနိုင်ငံနဲ့ အမှတ်တူနေပေမယ့် ဂိုးကွာဟချက်နဲ့ တက်ရောက်သွားတာဖြစ်ပါတယ်။
ကွန်ဂို သမ္မတနိုင်ငံ နည်းပြကတော့ အခက်အခဲတွေနဲ့ ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။
ပြိုင်ပွဲ အုပ်စု (က)က ကွန်ဂိုနဲ့ အီကွေတိုးရီးယား ဂီနီယာတို့ ကွားတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်သလို ကျန်တဲ့ အုပ်စု ၂ ခုကတော့ ကွားတားဖိုင်နယ် တက်ရောက်ရေး အတွက် ယှဉ်ပြိုင်ကစားလျက်ရှိပါတယ်။
[gallery ids="78868,78867,78869,78870"]