A d v e r t i s e m e n t With Us

လိပ်ကျွန်းတွင် သေဆုံးသူ ဗြိတိန်အမျိုးသမီး မုဒိမ်းကျင့်ခံရခြင်းမရှိဟု ထိုင်းရဲ ပြော

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ သေဆုံးသွားတဲ့ ဗြိတိန် အမျိုးသမီးရဲ့အလောင်းကို စစ်ဆေးခဲ့ပြီးတဲ့နောက် မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာမတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အလောင်းကို ဆုရတ်ဌာနီ ဆေးရုံကို ပို့ဆောင် စစ်ဆေးခဲ့တာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်တာ မတွေ့ရဘူးလို့ ကျွမ်းကျင်သူတွေက အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ အရာရှိကို ကိုးကားပြီး ထိုင်း ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။ ကနဦးက ရဲတွေထုတ်ပြန်ခဲ့တဲ့ သေဆုံးသူဟာ အသက် ၂၃ နှစ် ခရစ္စတီးနား အန်နစ္စလေဟာ မတော်မတရား ပြုကျင့်မခံရဘူးဆိုတဲ့ သတင်းကို ဒီကြေညာချက်က အတည်ပြုလိုက်ပါတယ်။ အန်နစ္စလေဟာ ဇန်န၀ါရီ ၁၉ ရက်က ဟိုတယ်မှာ ၂ ရက်တည်းခိုဖို့ စာရင်းပေးခဲ့ပေမယ့် ထွက်ခွာရမယ့် သတ်မှတ်ရက်မှာ ပေါ်လာခြင်းမရှိတဲ့ အတွက် ၀န်ထမ်းတွေက သူအခန်းကို ချိုးဖျက်ဝင်ရောက်ရာက သေဆုံးနေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းခရီးစဉ်အတွင်းမှာတော့ အန်နစ္စလေဟာ ရင်ဘတ်နာတာကို ခံစားခဲ့ရကြောင်း ဇန်န၀ါရီ ၂၁ ရက်က လူမှုရေး ကွန်ရက် တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။ သူရဲ့ အခန်းတွေမှာတော့ အိမ်သုံးဆေးတွေကို တွေ့ရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ကျွမ်းကျင်သူတွေကို စစ်ဆေးခိုင်းနေတယ်လို့ ဆိုပါတယ်။ အိမ်သုံးဆေးတွေနဲ့ စစ်ဆေးချက်ကို ရရှိရင် အမှုပိတ်သိမ်းဖို့ မျှော်လင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကျွန်းမှာ ဗြိတိန်နိုင်ငံက ဟန်နာ ၀ှစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာတို့ အရင်နှစ် စက်တင်ဘာက အသတ်ခံရပြီး နောက်ထပ် ဗြိတိန်တဦးသေဆုံးမှုကြောင့် လိပ်ကျွန်းရဲ့ ပုံရိပ်အတွက် နောက်ထပ် ထိုးနှက်ချက် တခု ဖြစ်လာပါတယ်။ [gallery ids="78266,78257,78815,78816"]

A d v e r t i s e m e n t With Us

More News
Up