A d v e r t i s e m e n t With Us

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အပါအ၀င် ၁၁ ဦးကို တရားစွဲခွင့် တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် အစိုးရတာဝန်ရှိသူ ၁၁ ဦးကို တရားစွဲဆိုခွင်ပြုဖို့ အုံတုံပင်ကျေးရွာက တောင်သူတွေ ထပ်မံတောင်းဆိုလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် အုံတုံOhn ton pinပင်ကျေးရွာမှာ ရဲတပ်ရင်းအမှတ် ၂၈ ဆောက်လုပ်ဖို့နဲ့ မြို့ကွက်ဖော်ဖို့ဆိုပြီး ဒေသခံတောင်သူတွေဆီကနေ ၂၀၁၂ ခုနှစ်ကပြီး မတရား လယ်မြေသိမ်း  ခဲ့တဲ့အတွက် ၀န်ကြီးချုပ်အပါအ၀င် အစိုးရတာဝန်ရှိသူ ၁၁ ဦးကို တရားစွဲဆိုခွင့်ပြုဖို့ လအတန်ကြာ ကတည်းက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိတဲ့အတွက် ထပ်မံတောင်းဆို တာဖြစ်ကြောင်း တောင်သူတွေရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးစောကျော်ကျော်မင်းက ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။ “ပထမဦးဆုံးမြေစသိမ်းတာက မြို့ကွက်ဖော်မယ်ဆိုပြီးတော့ သိမ်းတယ်။ အောင်ဇေယျမြို့သစ် တိုးချဲ့ ၅-၆ မြို့ကွက်ဖော်ရန်ဆိုပြီးတော့ ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးက သိမ်းတယ်။ တောင်သူတွေ လက်မခံတဲ့အတွက် ၀န်ကြီးချုပ်ဆီကို စာတင်တယ်။ အဲဒီမှာ စီမံကိန်းက ရပ်သွားတယ်။ နောက်ပိုင်း ကျတော့ ရဲတပ်ရင်း အမှတ်-၂၈ ဆောက်ဖို့ သိမ်းတယ်ဆိုပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရေးမှူးကနေပြီး တယ်လီဖုန်းနဲ့ ညွန်ကြားတယ်ဆိုပြီး စာထွက်လာတယ်။ အဲလို သိမ်းဆည်းခဲ့ပါတယ်”လို့ သူက ပြောပါတယ်။ “ဒီလိုမျိုး သိမ်းဆည်းတဲ့နေရာမှာ ဥပေဒေ လုပ်ထုံးလုပ်နည်းမရှိတဲ့အနေအထားနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ အတွင်းရေးမှူးရယ်၊ ခရိုင်အုပ်ချုပ်ရေးမှုး မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ၁၁ ယောက်ကို ပြည်သူ့ဝန်ထမ်းတွေ ကျူးလွန်တဲ့ ပစ်မှုကို ကျူးလွန်ပါတယ်ဆိုပြီး ဒေသခံ တောင်သူတွေ ကနေပြီး တရားစွဲဆိုခွင့်ပြုမိန့်တင်ထားပါတယ်။” လို့ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။ လက်ရှိမှာလည်း တောင်သူ ၁၇ ဦးက သူတို့ရဲ့လယ်ယာမြေ အသိမ်းမခံနိုင်တဲ့အကြောင်း တင်ပြတိုင်တန်းမှု လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ ပြီခဲ့တဲ့နှစ်မတ်လ ဆန်းပိုင်းတုန်းကလည်း အုံတုံပင်ကျေးရွာမှာ ရဲတပ်ရင်း ၂၈ တည်ဆောက်ဖို့အ တွက်ဆိုပြီး ရဲအင်အား ၂၀၀ လောက်ဟာ ဘူဒိုဇာ ၃ စီးနဲ့ဒေသခံလယ်ယာမြေကို ဖျက်ဆီးခဲ့လို့  ဒီဖျက်ဆီးမှုကို တားမြစ်တဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up