
သြစတြေးလျနိုင်ငံမှာ ယှဉ်ပြိုင်ကစားတဲ့ အာရှဖလား ဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ် ပွဲစဉ်မှာ တောင်ကိုးရီးယားအသင်းက အီရတ်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်သွားပြီ ဖြစ်ပါတယ်။
တောင်ကိုးရီးယားက အီရတ် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ပထမပိုင်း ပွဲကစားချိန် မိနစ် ၂၀ နဲ့ မိနစ် ၅၀ မှာ သွင်းယူသွားတာလည်း ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အာရှဖလား ဗိုလ်လုပွဲမှာ ဆော်ဒီအာရေဗီးယား အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အာရှဖလား ဗိုလ်လုပွဲကို တက်ရောက်လာတာလည်း ဖြစ်ပါတယ်။
ဒီအတွက် ဇန်န၀ါရီ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် သြစတြေးလျနဲ့ ယူအေအီးအသင်း အနိုင်ရတဲ့ အသင်းနဲ့ ဇန်န၀ါရီ ၃၁ ရက်မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
[gallery ids="78801,78799,78798,78795,78796,78797,78800"]