A d v e r t i s e m e n t With Us

အလုပ်လုပ်ခွင့်ပါမစ်ကြောင့် နိုင်ငံခြားကစားသမား ခေါ်ယူခွင့်နည်းဟု ၀င်းဂါးပြော

နိုင်ငံရပ်ခြားက လူငယ်ကစားသမားတွေကို ခေါ်ယူတဲ့ နေရာမှာ အလုပ်လုပ်ခွင့်ပါမစ် စောင့်ဆိုင်းရတဲ့ စည်းကမ်းချက်တွေကြောင့် ခေါ်ယူခွင့် နည်းပါးနေရတယ်လို့ အာဆင်နယ်နည်းပြ ၀င်းဂါးက ပြောဆိုလိုက်ပါတယ်။ စပိန်လာလီဂါ ဗီလာရီးရဲလ်က ပေါ်လစ္စတာကို အာဆင်နယ်က ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် အလုပ်လုပ်ခွင့်ပါမစ်စောင့်ရတာကြာင့် အပြီးသတ်ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။Arsenal manager Arsene Wenger walks onto the pitch before their English Premier League soccer match against Southampton at St Mary's Stadium in Southampton စည်းမျဉ်းတွေ မရှိခဲ့ဘူးဆိုရင် လက်ရှိ မန်ယူမှာ ကစားနေတဲ့ ဒီမာရီယာကို ၁၇ နှစ်သား အရွယ်ကတည်းက ခေါ်ခွင့်ရမှာ ဖြစ်တယ်လို့ ၀င်းဂါးက ပြောပါတယ်။ နိုင်ငံခြားကစားသမား ခေါ်ယူခွင့်နဲ့ ကစားသမားအရေအတွက် သတ်မှတ်ထားမှုကိုလည်း အနည်းငယ် ဖြေလျော့ပေးစေချင်တယ်လို့ သူက ပြောပါတယ်။ အလုပ်လုပ်ခွင့် ပါမစ် မရတဲ့အတွက် ဒီမာရီယာဟာ အာဂျင်တီးနားကလပ် ရိုဆာရီယိုကနေ ပေါ်တူဂီကလပ် ဘန်ဖီကာကို ရောက်သွားပြီးတဲ့နောက် စပိန် ရီးရဲမက်ဒရစ်ကို ရောက်သွားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မန်ယူက ပေါင် ၅၉.၇ သန်းနဲ့ ဒီမာရီယာကို ခေါ်ယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up