A d v e r t i s e m e n t With Us

ဘရက်ဖို့ဒ်အရှုံး ရှက်စရာကောင်းဟု မော်ရင်ဟို ပြော

ဒုတိယတန်းအသင်းက ဘရက်ဖို့ဒ် ကို ၄ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ အသင်းအတွက် ရှက်ဖို့ ကောင်းတယ်လို့ အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ချလ်ဆီးဟာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပေမဲ့ ဘရက်ဖို့ဒ်ရဲ့ ၄ ဂိုး ပြန်သွင်းတာကို ခံခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။mourinho အက်ဖ်အေဖလားသမိုင်းတလျှောက်မှာ အခုလို အဖြစ်အပျက်တွေ ဖြစ်လေ့ရှိပေမဲ့ သူ အနေနဲ့တော့ ပထမဆုံးတွေ ကြုံရတာဖြစ်ပြီး ဒုတိယတန်းအသင်းကို ရှုံးနိမ့်ခဲ့ရတာကို လက်မခံနိုင်စရာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ချလ်ဆီးရဲ့ ဖလား ၄ လုံးအိပ်မက်ကတော့ ပျက်ပြားသွားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လာမည့် ဇန်န၀ါရီ ၂၇ ရက်နေ့မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ လိဂ်ဖလား ဒုတိယအကျော့အတွက်လည်း ဖိအားဝင်စေခဲ့တာပါ။ ချယ်ဆီးဟာ အိမ်ကွင်းပထမအကျော့ ပွဲမှာ ၁ ဂိုးစီသရေသာ ကစားထားနိုင်တာပါ။

A d v e r t i s e m e n t With Us

More News
Up