ခြိုးခြံချွေတာရေးကိုဆန့်ကျင်သည့်ပါတီ ဂရိရွေးကောက်ပွဲတွင် အနိုင်ရ

859
ဂရိနိုင်ငံမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ခြိုးခြံချွေတာရေးကို ဆန့်ကျင်တဲ့ ဆီးပရက်စ် ပါတီ အနိုင်ရရှိသွားပါတယ်။
မဲ ၇၅ ရာခိုင်နှုန်း ရေတွက်ပြီးသွားပြီ ဖြစ်သလို ဂရိဟာ သမိုင်းတခုကို ရေးထိုးနိုင်လိုက်ပြီလို့ လက်ဝဲယိမ်း ပါတီခေါင်းဆောင် အဲလက်စ် ဆီးပရပ်စ်က ပြောပါတယ်။
လက်ရှိ အာဏာရပါတီ ဒီမိုကရေစီသစ်ပါတီကတော့ ဒုတိယနေရာမှာ ရောက်ရှိနေပါတယ်။
ဝန်ကြီးချုပ် အန်တိုနစ်ဆာမာရပ်စ်က အရှုံးကို ၀န်ခံခဲ့ပြီး ဆီးပရက်စ်ကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
ဒီအနိုင်ကြောင့် ဂရိနိုင်ငံဟာ ဥရောပသမဂ္ဂကနေ ထွက်ခွာဖို့ အခြေအနေကို ဖန်တီးပေး လိုက်ပါတယ်။
ဂျာမနီနဲ့ ဘရပ်ဆဲလ်တို့ ချမှတ်ပေးထားတဲ့ ဥရောပဇုန် အကြပ်အတည်းဖြေရှင်းရေး မူဝါဒကို ဂရိမှာ ရှိတဲ့ အဓိက မဲပေးသူတွေက ငြင်းပယ်ခဲ့ပါတယ်။
ဂရိရဲ့ ရွေးကောက်ပွဲရလဒ်ဟာ ဥရောပ စီးပွားရေး မရေရာတဲ့ အခြေအနေကို ပိုမို တိုးပွားလာမယ်လို့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောပါတယ်။
[gallery ids="78701,78702,78703,78704"]