ကွန်ဂို၊ အီကွေတိုးရီးယားနှင့် ဂီနီယာတို့ အာဖရိကဖလား ကွားတားတက်
အီကွေတိုးရီးယား ဂီနီယာ နိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကဖလား ပြိုင်ပွဲ အုပ်စု (က)က ကွန်ဂိုနဲ့ အီကွေတိုးရီးယား ဂီနီယာတို့ ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ကွန်ဂိုအသင်းကတော့ ဘာကီနာဖာဆိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ပြိုင်ပွဲမှာ အဆင့်အနိမ့်ဆုံး သတ်မှတ်ထားတဲ့ အီကွေတိုးရီးယား ဂီနီယာက ဂါဘွန် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီအတွက် အုပ်စု (က)မှာ ကွန်ဂိုအသင်းက ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၇ မှတ်၊ အီကွေတိုးရီးယား ဂီနီယာက ၃ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ ၅ မှတ် ရရှိပြီး အုပ်စု ပထမ၊ ဒုတိယ နေရာနဲ့ ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ အုပ်စု ၃ ခုက အသင်းတွေကတော့ ကွားတားဖိုင်နယ် တက်ရောက်ရေး အတွက် ဆက်လက်ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။
[gallery ids="78672,78676,78675,78674,78673"]