အက်ဖ်အေဖလား အာဆင်နယ် ဗီလာ၊ ၀က်စ်ဟမ်း အနိုင်ရ
ဇန်န၀ါရီ ၂၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာတော့ အာဆင်နယ် အသင်းက ဘရိုက်တန် အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုတော့ ဝေါလ်ကော့၊ အိုဇေလ်းနဲ့ ရိုဆစ်စကီးတို့က သွင်းယူပါတယ်။ အက်စတွန်ဗီလာက ဘွန်မောက်ကို ၂ ဂိုး ၁ ဂိုး၊ ၀က်စ်ဟမ်းယူနိုက်တက်က ဘရစ္စတိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ပဉ္စမအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
အရင်ရက်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ ဖြစ်တဲ့ ချဲလ်ဆီး၊ မန်စီးတီးတို့ ရှုံးနိမ့်ခဲ့တဲ့အတွက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို မန်ချက်စတာ ယူနိုက်တက်က ကိန်းဘရစ်ခ်ျအသင်းနဲ့ သရေကျခဲ့ပါတယ်။
[gallery ids="78655,78651,78650,78649"]