အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နိုင်ဂျီးရီးယားနိုင်ငံ ရောက်ရှိနေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ လေးဂိုစ်မြို့တော်ကို ဆိုက်ရောက်လာပါတယ်။
လာမယ့်လမှာ နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲ ကျင်းပဖို့ရှိပြီး ရွေးကောက်ပွဲမတိုင်ခင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဂျွန်ကယ်ရီရောက်ရှိလာချိန်ဟာ နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်အကြမ်းဖက်တွေနဲ့ နိုင်ဂျီးရီးယားစစ်တပ်ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ခရီးစဉ်အတွင်း နိုင်ဂျီးရီးယားသမ္မတ ဂွဒ်လပ်ဂျိုနသန်အပါအ၀င် သမ္မတလောင်း မူဟန်မာဒူ ဘူဟာရီနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းက မွန်ဂူနို(Monguno)မြို့နဲ့ မိုင်ဒူဂူရီ(Maiduguri)မြို့မှာ ဘိုကိုဟာရမ် အကြမ်းဖက်တွေကို လေတပ်နဲ့ပါ အပြင်းအထန် ခုခံနေရတယ်လို့ နိုင်ဂျီးရီးယား စစ်ရုံးချုပ်က ဆိုပါတယ်။
ဘိုကိုဟာရမ်အကြမ်းဖက်တွေကို နိုင်ဂျီးရီးယားစစ်တပ်တွင်းက လက်နက်ထောက်ပံ့မှုတွေ ရှိနေတယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒေသတွင်း အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်မယ်လို့ ကြွေးကြော်ထားတဲ့ ဘိုကိုဟာရမ် အကြမ်းဖက်တွေ ဘိုနိုပြည်နယ်မြို့တော် မိုင်ဒူဂူရီကို တိုက်ခိုက် သိမ်းပိုက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
[gallery ids="78641,78642,78643,78644"]