မြန်မာ ယူ ၂၀ ခြေစမ်းပွဲ အီရန်ကို ရှုံး
တူရကီနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာ လက်ရွေးစင် ယူ-၂၀ ဘောလုံးအသင်းဟာ တတိယမြောက် ခြေစမ်းပွဲ အဖြစ် အီရန် လက်ရွေးစင် ယူ -၂၂ အသင်းနဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့က ကစားရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။
မြန်မာအသင်းအတွက်ဂိုးကိုတော့ ၈၃ မိနစ်မှာ မောင်မောင်စိုးက သွင်းယူပေးခဲ့တာလို့ မြန်မာ ဘောလုံးအဖွဲ့ချုပ် လူမှုရေးကွန်ယက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးပါတယ်။
ကစားပြီးသွားတဲ့ ခြေစမ်းပွဲ ၃ ပွဲမှာ မြန်မာအသင်းက တပွဲနိုင်၊ တပွဲသရေနဲ့ တပွဲရှုံးထားပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့က ကာဂျစ်ကစ္စတန်ကလပ် တာရက်ဇ် Taraza အသင်းနဲ့ (၂-၂) ဂိုး စီသရေကျခဲ့ပြီး၊ ၂၁ ရက်နေ့ အဇာဘိုင်ဂျန် ယူ၂၁ အသင်းနဲ့ပွဲမှာ မြန်မာအသင်းက (၂ -၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ခြေစမ်းပွဲ ၅ပွဲ ကစားဖို့ ရည်ရွယ်ထားတာဖြစ်လို့ ကျန်ရှိနေတဲ့ ခြေစမ်းပွဲ ၂ ပွဲအတွက် ဂျာမနီ၊ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယား အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
မြန်မာ ၂၀ အသင်းဟာ နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီနိုင်ငံမှာ သွားရောက်လေ့ကျင့်နေတာဖြစ်ပါတယ်။
[gallery ids="78629,78630,78631,78632"]