အီဂျစ်ဆန္ဒပြပွဲများအတွင်း ၁၈ ဦး သေဆုံး

989
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က ၂၀၁၁ ခုနှစ် အီဂျစ်အာဏာရှင် သမ္မတ မူဘာရတ်ကို ဖြုတ်ချခဲ့တဲ့ ၄ နှစ်ပြည့် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူအနည်းဆုံး ၁၈ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ရဲနဲ့ ဆန္ဒပြသူတွေရဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့သူတွေထဲမှာ ရဲတဦးလည်း ပါဝင်ပြီး တခြားလူ ၂၀ ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆေးရုံအာဏာပိုင်တွေက အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၄ ရက်နေ့က ကိုင်ရိုမြို့တော်မှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့တဲ့ အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတဦး ရဲရဲ့ ပစ်ခတ်မှုနဲ့ သေဆုံးခဲ့အပြီး ဒီထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့တာပါ။
နှစ်ပတ်လည်နေ့မတိုင်ခင် အီဂျစ်မြို့ကြီးတွေမှာ လုံခြုံရေး တင်းကျပ်ခဲ့တာဖြစ်ပြီး ကိုင်ရိုမြို့တော်ရဲ့ အချက်အချာနေရာတွေမှာ ပိတ်ဆို့ထားခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် နှစ်ပတ်လည် ဆန္ဒပြပွဲတွေမှာလည်း လူ ၂၀ ကျော် သေဆုံးခဲ့တာပါ။ ဇန်န၀ါရီ ၂၄ ရက်နေ့က ကိုင်ရိုမြို့မှာ သေဆုံးခဲ့တဲ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးရဲ့ ဈာပနအခမ်းအနားကို ဇန်န၀ါရီ ၂၅ ရက်နေ့ အလက်ဇန်းဒရီးယားမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
[gallery ids="78634,78635,78636,78637"]