A d v e r t i s e m e n t With Us

ဓားစာခံလွတ်မြောက်ရေး ဂျပန်ဝန်ကြီးချုပ်နှင့်အိုဘားမား ဖုန်းဖြင့်ဆွေးနွေး

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခံထားရသူ ၂ ဦးထဲက အသက်ရှင်ကျန်ရစ်သူ သတင်းထောက် ခန်ဂျီဂိုတိုစံ လွတ်မြောက်ရေးအတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမေရိကန်သမ္မတ အိုဘားမားကို တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့တယ်လို့ ဂျပန်အစိုးရက ဒီနေ့ညနေ ၅ နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Screen Shot2015-01-25 19_06_43 copy၁၀ မိနစ်ကြာဆွေးနွေးပွဲမှာ ဂျပန်ဓားစာခံ  ဟရူနာ ယူက၀ါ (Haruna Yukawa) အသတ်ခံရတဲ့အတွက် အိမ်ဖြူတော်ရဲ့ သဘောထားထုတ်ပြန်ချက်ကို ကျေးဇူးတင်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ [caption id="attachment_78623" align="aligncenter" width="477"]သတင်းထောက် ခန်ဂျီဂိုတိုစံ သတင်းထောက် ခန်ဂျီဂိုတိုစံ[/caption] အခုအကြမ်းဖက်နှိမ်နင်းရေးအတွက်သာမဟုတ်ပဲ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရတဲ့အထိ လက်တွဲဆောင်ရွက်ကြမယ်လို့ နှစ်နိုင်ငံ သဘောထားကို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ သတင်းထောက် ခန်ဂျီဂိုတိုစံဟာ သူနဲ့အတူ အဖမ်းခံထားရတဲ့ ဟရူနာ ယူက၀ါ ခေါင်းဖြတ် အသတ်ခံထားရတယ်လို့ ထင်ရတဲ့ဓာတ်ပုံကို ကိုင်ပြီး ရိုက်ယူထားတဲ့ဗွီဒီယိုထဲမှာ စစ်သွေးကြွတွေဟာ ပြန်ပေးငွေကို မလိုချင်တော့ကြောင်း၊ ဂျော်ဒန်မှာ သေဒဏ်ကျခံထားရတဲ့ အိုင်အက်စ်အစွန်းရောက် ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အစ်မဖြစ်သူ အီရတ်နိုင်ငံသူ Sajida al-Rishawi ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ Sajida ဟာ ၂၀၀၅ ခုနှစ်က ဂျော်ဒန်နိုင်ငံ အာမန်ဟိုတယ်က မင်္ဂလာဆောင်တခုကို ခင်ပွန်းဖြစ်သူနဲ့ အသေခံဗုံးခွဲခဲ့သူဖြစ်ပြီး လူ ၆၀ ကျော် သေဆုံးခဲ့ရပါတယ်။ သူမကိုယ်မှာ ပတ်ထားတဲ့ဗုံးက မပေါက်ကွဲပဲ အဖမ်းခံရပြီး သေဒဏ် ကျခံထားသူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up