A d v e r t i s e m e n t With Us

အဲအေးရှားလေယာဉ်ကိုယ်ထည် ဆယ်ယူရေး မအောင်မြင်

အင်ဒိုနီးရှား လေယာဉ်ပျက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ လေယာဉ်ကိုယ်ထည်ကို မနေ့က ရေပေါ်မတင်ရေးအတွက် ရေငုပ်သမား ၇၃ ဦးနဲ့ ကြိုးစားခဲ့ကြပေမယ့် ကြိုးပြတ်တောက်ခဲ့လို့ လုပ်ငန်းဖျက်သိမ်းခဲ့ရပါတယ်။ Untitled-4 copyဒါပေမယ့် လေယာဉ်ကိုယ်ထည်ထဲက ရုပ်အလောင်း ၄ လောင်းကို ထပ်မံ ဆယ်ယူနိုင်ခဲ့တာကြောင့် စုစုပေါင်း ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်း ၆၉ လောင်းရှိပြီဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်ထဲမှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေ ရှိနေဦးမယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆထားပြီး အဲ့ဒီရုပ်အလောင်းတွေ ဆယ်ယူရေးဟာလည်း ပင်လယ်ရေစီးကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဆယ်ယူရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။ လေယာဉ်ကိုယ်ထည်မတင်ရေးအတွက် နောက်ထပ်လေပူဖောင်းတွေ ထပ်မှာထားတယ်လို့လည်း ပြောဆိုပါတယ်။ အဲအေးရှားလေယာဉ်အမှတ် QZ 8501 ဟာ ပြီးခဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေYက အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း လမ်းတ၀က်မရောက်တရောက်မှာ ပင်လယ်ထဲ ပျက်ကျခဲ့တာပါ။ လေယာဉ်နဲ့ လိုက်ပါသွားသူ ၁၆၂ လုံး သေဆုံးခဲ့ပြီလို့ ယူဆရပြီး အသက်ရှင်ကျန်ရစ်သူလည်း မတွေ့ရသေးပါဘူး။ လေယာဉ်မှတ်တမ်းတင်သေတ္တာ နဲ့ လေယာဉ်မှူး အသံဖမ်းစက်တွေကိုတော့ ပြီးခဲ့တဲ့ တပတ်က ဆယ်ယူရရှိထားပြီဖြစ်ပါတယ်။ လေယာဉ်ပျက်ကျရခြင်း ပမာဏအစီရင်ခံစာကို လာမယ့်အပတ်မှာ ထုတ်ပြန်ကြေညာဖို့ရှိပြီး အစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန်ကြေညာဖို့ကတော့ လနဲ့ချီကြာဦးမယ်လို့ သိရပါတယ်။  

A d v e r t i s e m e n t With Us

More News
Up