အိုဘားမား အိန္ဒိယခရီးစဉ် လုံခြုံရေး အထူးတင်းကျပ်

1.4K
အမေရိကန်သမ္မတ အိုဘားမားဟာ ၃ ရက်ကြာ အိန္ဒိယခရီးစဉ်အဖြစ် နယူးဒေလီမြို့တော်ကို ဒီနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
သမ္မတ အိုးဘားမားရဲ့ ခရီးစဉ်အတွက် အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို မကြုံစဖူး တင်းကျပ်ထားပါတယ်။
ဇန်န၀ါရီ ၂၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ထူထောင်ခြင်းနှစ်ပတ်လည်အခမ်းအနားကို တက်ရောက်မှာဖြစ်တဲ့အတွက် အခမ်းအနားကျင်းပရာနေရာမှာ လုံခြုံရေး ၇ ထပ်ချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
ပတ်ဝန်းကျင်အဆောက်အဦမြင့်တွေမှာ လက်ဖြောင့်လုံခြုံရေးတပ်ဖွဲ့င်ေတွေကို နေရာချထားပြီး လုံခြုံရေးကင်မရာ ၁ သောင်းခွဲတပ်ဆင်ထားပါတယ်။
ဒေလီမြို့တော်မှာ အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ဝင်တွေသာမက အမေရိကန်စီအိုင်အေနဲ့ တပ်ဖွဲ့ဝင် ၁၆၀၀ လည်း တပ်စွဲထားပါတယ်။
အိန္ဒိယနိုင်ငံတ၀န်းမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင် ၉ သောင်း တပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မိုဒီရဲ့ ဒီတပတ် တနင်္ဂနွေရေဒီယိုမေးမြန်းဖြေကြားခန်းမှာလည်း သမ္မတ အိုဘားမား တက်ရောက်ဖြေကြားဖို့ ရှိပါတယ်။
ဒီခရီးစဉ်ဟာ အမေရိကန်သမ္မတတဦးရဲ့ သက်တမ်းတခုအတွင်း အိန္ဒိယနိုင်ငံကို ၂ ကြိမ်မြောက်လာရောက်တာဖြစ်တဲ့အတွက် ရှေ့လျှောက် အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်မြှင့်တင်မယ့် လက္ခဏာလည်းဖြစ်ပါတယ်။
သမ္မတ အိုဘားမားဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အပြန်ခရီးမှာ ၀င်ရောက်ဖို့ ရှိတာကြောင့် အိန္ဒိယခရီးစဉ်ကို အတိုချုံးလိုက်ပြီး မူလစီစဉ်ထားတဲ့ တာ့ခ်ျမဟာ Taj Mahal ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။