A d v e r t i s e m e n t With Us

အမေရိကန်လေယာဉ် ၂ စီး ဗုံးထပ်မံခြိမ်းခြောက်ခံရ၊ အရေးပေါ်ဆင်းသက်

အမေရိကန်ခရီးသည်တင်လေယာဉ် ၂ စီး ဇန်န၀ါရီ ၂၄ ရက်နေ့ ခိုင်လုံတဲ့ ဗုံးခြိမ်းခြောက်မှု ထပ်မံဖြစ်ပွားခဲ့လို့ အက်တလန်ဒါ Atlanta လေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ [caption id="attachment_78564" align="aligncenter" width="547"]PHOTO - KEN MURRAY,NEW YORK DAILY NEWS PHOTO - KEN MURRAY,NEW YORK DAILY NEWS[/caption] အမေရိကန် Delta ဒယ်တာ လေကြောင်းလိုင်းနဲ့ ဆောက်ဝက် Southwest လေကြောင်းလိုင်းက လေယာဉ်တွေဖြစ်ပြီး ပေါ့လန်း Portland မြို့နဲ့ မယ်လ်ဝါကီ Milwaukee မြို့တွေကနေ ထွက်ခွာလာကြတဲ့လေယာဉ်တွေဖြစ်ကြပါတယ်။ တိုက်လေယာဉ် ၂ စီးနဲ့ ခြံရံပြီး အက်တလန်ဒါ လေဆိပ်ကို ဆင်းသက်ခဲ့ရတာဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေ တစုံတရာ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ လေဆိပ်အာဏာပိုင်က နောက်ပိုင်းမှာပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးဟာ အဓိကဖြစ်တယ်လို့လည်း လေဆိပ်အာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒယ်တာ Delta လေကြောင်းလိုင်း လေယာဉ်ပေါ်မှာတော့ ခရီးသည် ၈၆ ဦး လိုက်ပါလာခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့ကလည်း နယူးယောက်မြို့ JFK လေဆိပ်ကို Delta လေကြောင်းလိုင်း လေယာဉ် ၂ စီး ဗုံးခြိမ်းခြောက်ခံရမှေုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up