အမေရိကန်နိုင်ငံ၊ ကာလိုရာဒိုပြည်နယ်က အစ္စလာမ်ဘာသာပြောင်းလဲကိုးကွယ်သူ မိန်းကလေးတဦးကို အကြမ်းဖက်အဖွဲ့အားပေးမှုနဲ့ ဇန်န၀ါရီ ၂၃ ရက်နေ့က ထောင် ၄ နှစ်ချလိုက်ပါတယ်။

အသက် ၁၉ နှစ်ရှိ ရှန်နွန်း ကွန်လေး Shannon Maureen Conley ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ဆီးရီးယားနိုင်ငံကိုသွားရောက်ပြီး ကျူနီးရှား အိုင်အက်စ်တိုက်ခိုက်ရေး သမားတဦးကို လက်ထပ်ဖို့ တူရကီနိုင်ငံကအထွက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
တရားရုံးမှာ ရှန်နွန်းက သူ့အသက်ကိုကယ်ခဲ့တဲ့ FBI ထောက်လှမ်းရေး ကို ကျေးဇူးတင်ရှိပြီး အခုတော့ အစ္စလာမ်အစွန်းရောက်ဝါဒကို လက်မခံတော့ဘူးလို့ ပြောဆိုပါတယ်။
အမေရိကန်အစိုးရရှေ့နေတွေက အိုင်အက်စ်အကြမ်းဖက်တွေနဲ့ ပူးပေါင်းမယ့် တခြားအမေရိကန်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို မျှဝေရင် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
တကယ်တော့ ရှန်နွန်း Shannon ရဲ့ ပြစ်မှုဟာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာဖြစ်ပေမယ့် သူ့ရဲ့အပြစ်ကို ၀န်ခံခဲ့ပြီး အမှုမှာ ပူးပေါင်းကူညီမှုတွေကြောင့် ၄ နှစ်ကို လျှော့ပေါ့ပေးခဲ့တာလည်းဖြစ်ပါတယ်။
သူ့ရဲ့ရှေ့နေကတော့ ရှန်နွန်းဟာ မိန်းကလေးကောင်းတဦးဖြစ်ပြီး သူ့ရဲ့အနာဂတ်ဟာ ကောင်းမွန်တောက်ပမယ်ဆိုတာကို ယုံကြည်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။