ဓားစာခံတဦး အသတ်ခံရမှု ဂျပန်ဝန်ကြီးချုပ် အပြင်းအထန်ရှုတ်ချ

1.3K
ဂျပန်ဓားစာခံတဦးကို အိုင်အက်အကြမ်းဖက်တွေက သတ်ဖြတ်လိုက်ပြီလို့ ယုံကြည်ရတဲ့ ဗွီဒီယိုဖိုင်ထွက်ပေါ်လာအပြီး ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီလုပ်ရပ်ဟာ ရိုင်းစိုင်းလွန်းပြီး လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ အပြင်းအထန်ရှုတ်ချလိုက်ပါတယ်။
[caption id="attachment_78337" align="aligncenter" width="626"]
သတင်းထောက် ခန်ဂျီဂိုတိုစံနှင့် အသတ်ခံခဲ့ရသည့် ဟရူနာ ယူက၀ါ (၀ဲမှယာ)[/caption]
နောက်ဂျပန်ဓားစာခံတဦးဖြစ်တဲ့ သတင်းထောက် ခန်ဂျီဂိုတိုစံကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှင်ဇိုအာဘေးက တောင်းဆိုထားပါတယ်။
တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မပေးရင် ၇၂ နာရီအတွင်း ဂျပန်ဓားစာခံတွေကို သတ်ဖြတ်မယ်လို့ ဇန်န၀ါရီ ၂၀ ရက်နေ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောဆိုခဲ့တာပါ။
ဂျပန်ဝန်ကြီးချုပ်ကတော့ ဓားစာခံ ဟရူနာ ယူက၀ါ Haruna Yukawa အသတ်ခံရပေမယ့် အကြမ်းဖက်မှုကို အလျော့ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အမေရိကန်သမ္မတ အိုဘားမားလည်း ဂျပန်ဓားစာခံ သတ်ဖြတ်မှုကို အပြင်းအထန်ပြစ်တင်ရှုတ်ချခဲ့ပြီး ဂျပန်နိုင်ငံနဲ့အတူ တသားတည်း ရပ်တည်တယ်လို့ ပြောဆိုပါတယ်။
ဒါပေမ့ယ် နောက်ဆုံးအချိန်ထိ အိုင်အက်စ်အဖွဲ့နဲ့ ဆက်သွယ်ဖို့ နည်းလမ်းစုံအစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ပြန်လည်ဆက်သွယ်လာခြင်း မရှိခဲ့ဘူးလို့ ဂျပန်အစိုးရပြောခွင့်ရနဲ့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိဟိဒဲ ဆုငက ဇန်န၀ါရီ ၂၃ ရက်နေ့ ရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။
ဘယ်ပုံ ဆောင်ရွက်ခဲ့သလဲ၊ တောင်းဆိုထားတဲ့ငွေကို ပေးတယ်မပေးဘူးဆိုတဲ့ ကိစ္စတွေကိုတော့ အတိအကျ ဖြေကြားခြင်းမရှိခဲ့ပါဘူး။