အသင်းကြီးများ ရှုံးပွဲကြုံတွေ့ခဲ့ရသည့် အက်ဖ်အေဖလား

1.5K
အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေအဖြစ် မနေ့ညက ယှဉ်ပြိုင်ကစားကြရမှာ ပရီးမီးယားလိဂ်က နာမည်ကြီးအသင်းအများစု ရှုံးနိမ့်သွားခဲ့ပါတယ်။
ချဲလ်ဆီးက ဘရက်ဖို့စီးတီးအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၄ ဂိုး၊ မန်စီးတီးက မစ်ဒယ်ဘရော့ကို ၂ ဂိုး ဂိုးမရှိ၊ စပါးက လက်စတာစီးတီး အသင်းကို ၂ ဂိုး ၁ ဂိုး၊ ဆောက်သမ်တမ်က ပဲလေ့စ်ကို ၂ ဂိုး ၃ ဂိုးနဲ့ အသီးသီး ရှုံးနိမ့်သွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူခဲ့ပေမယ့် ၄ ဂိုး ပြန်ပေးခဲ့ရပြီး အရှက်တကွဲ ရှုံးနိမ့်သွားတာပါ။
နာမည်ကြီးအသင်းတွေထဲက လီဗာပူးအသင်းကတော့ အိမ်ကွင်းမှာ ဘော်တန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် နောက်တပွဲ ဘော်တန်အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဇန်န၀ါရီ ၂၃ ရက်နေ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိဂ် ၂ က ကိန်းဘရစ်ခ်ျ ယူနိုက်တက်အသင်း သရေကျသွားပါတယ်။
ဇန်နဝါရီ ၂၅ ညမှာတော့ အာဆင်နယ်အသင်းက ဘရိုက်တန်နဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - FA
[gallery ids="78515,78516,78517,78518,78519,78520"]