A d v e r t i s e m e n t With Us

ယူကရိန်း ပဋိပက္ခ ၅ ထောင်ကျော် သေဆုံးဟု ကုလပြော

ပြီးခဲ့တဲ့နှစ် ဧပြီလက စတဲ့ ယူကရိန်းပဋိပက္ခအတွင်း  သေဆုံးသူ အယောက် ၅ ထောင်ကျော် ရှိပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇန်န၀ါရီ ၂၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ရုရှားလိုလားတဲ့ ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်ကလည်း ယူကရိန်းစစ်တပ်နဲ့ နိုင်ငံအရှေ့ပိုင်းမှာ စစ်ရေးထိတွေ့မှုတွေ ဆက်လုပ်မှာဖြစ်ပြီး ယူကရိန်းအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ မလုပ်ဘူးလို့ ဇန်န၀ါရီ ၂၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းကစပြီး ယူကရိန်းမှာ သေဆုံးသူအရေအတွက် သိသိသာသာ တိုးလာပြီး အနည်းဆုံး ၅၀၈၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက်က အခုထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဧပြီလလယ်ကနေ ခုထိ လူအယောက် ၁၀၉၄၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးပြောခွင့်ရ ရူးပတ်ကော်ဗီလေးက ဆွစ်ဇာလန်မြို့တော် ဂျနီဗာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ကောက်ယူရရှိတဲ့ အလောင်းတွေနဲ့ ပတ်သက်တဲ့ တရားဝင် သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၉ ရက်အတွင်း တိုက်ပွဲတွေကြောင့် လူ ၂၆၂ ဦး သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီကတော့ ယူကရိန်းအစိုးရသစ်ရဲ့ လုံခြုံရေးစည်းမျဉ်းတွေကြောင့် နိုင်ငံအရှေ့ပိုင်းက ပဋိပက္ခဒေသတွေအတွင်း အကူအညီပေးရေး အားထုတ်မှုတွေ နှောင့်နှေးခဲ့ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် တိုက်ပွဲတွေကနေ အိုးအိမ်စွန့်ခွာ  ထွက်ပြေးနေရသူတွေရဲ့ ဘဝတွေ ပိုခက်ခဲ ခဲ့ကြောင်း၊ ယူကရိန်းအရှေ့ပိုင်းကို အဆီးအတားမဲ့ သွားလာခွင့်အတွက်လည်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက တောင်းဆိုထားပါတယ်။ [gallery ids="78502,78501,78500,78499"]  

A d v e r t i s e m e n t With Us

More News
Up