ဘောလုံးသမား အပြောင်းအရွှေ့ တိုတိုထွာထွာ

3.3K
စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်ကလပ်အသင်းဟာ ဘရာဇီလ်းကလပ် ခရှုဇီိယိုအသင်းက အလယ်တန်းကစားသမား လူးကပ်စ် ဆေးဗာလ်းကို ခေါ်ယူလိုက်ပါတယ်။
၅ နှစ် စာချုပ်သက်တမ်းပြောင်းရွှေ့ကြေးပေါင် ၉.၇ သန်းနဲ့ အသက် ၂၁ နှစ် ကစားသမားကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ကလပ်အသင်း ပရိသတ်တွေနဲ့ မိတ်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
ဘောလုံး အရည်အသွေးကောင်းပြီး ခံစစ်ကိုလည်း ကူညီနိုင်သလို သူရဲ့ ဖြတ်တင်ဘော တွေက ကောင်းတယ်လို့ ရီးရဲလ် အသင်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဆေးဗာလ်းဟာ ဘရာဇီလ်း အသက် ၂၁ နှစ်အောက် ကစားသမားဖြစ်ပြီး ၂၀၁၃-၁၄ ဘောလုံး ရာသီမှာ သူရဲ့ ကလပ်အသင်း ဖလား ရအောင် ကူညီခဲ့ပါတယ်။ အစောပိုင်းကလည်း နော်ဝေ လက်ရွေးစင် မာတင်အိုဒီဂတ်ကို ရီးရဲလ်က ခေါ်ယူခဲ့ပါတယ်။
ဒါအပြင် ချဲလ်ဆီး မန်ယူ၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဆာဂျီယို ရာမိုစ် စာချုပ်သစ် ချုပ်ဆိုရေး နီးစပ်နေပြီလို့လည်း နည်းပြ ကားလိုစ့် အန်ဆယ်လော့တီက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ကလပ်က ဂိုးသမား ဒီဂီယာရဲ့ ကိုယ်စားလှယ်က ရီးရဲမက်ဒရစ်ကို လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကစားတော့မယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်အသင်းက ရီးရဲလ်အသင်းက အလယ်တန်း ကစားသမား အာစီရာ အီရာရန်မန်ဒီကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေပေမယ့် ရီးရဲလ်အသင်းက လက်လွတ်ခံမှာ မဟုတ်တဲ့အကြောင်း တုံ့ပြန်လိုက်ပါတယ်။
ရောင်းဖြစ်ရင်လည်း ရီးရဲလ်ဆိုဆိုက်ဒက်ကနေ ပေးရတဲ့ ငွေကြေး ပမာဏကို ပြန်လည်ရယူဖို့ ရီးရဲလ် အသင်းက ဆန္ဒရှိနေပါတယ်။ ဒါပေမယ့်လည်း နည်းပြ အန်ဆယ်လော့တီက ဒီကစားသမားဟာ သူရဲ့ အစီအစဉ် တစိတ်တပိုင်း ပါဝင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါအပြင် ဂျုဗင်တပ် အလယ်တန်း ကစားသမား ပေါလ် ပေါ့ဘာက အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ချဲလ်ဆီး အသင်းတွေထက်စာရင် ရီးရဲလ် အသင်းကို သွားလိုတဲ့ ဆန္ဒရှိနေသလို စပိန်ဘာသာကို သင်ယူနေတယ်လို့ ပြောပါတယ်။