A d v e r t i s e m e n t With Us

ကလေးစစ်သား ၄၀၀ ကျော် နုတ်ထွက်ခွင့်ပေး

၂၀၁၄ ခုနှစ်အတွင်း ကလေးစစ်သား ၄၀၀ ကျော် နုတ်ထွက်ခွင့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။ [caption id="attachment_78424" align="aligncenter" width="581"]10881501_646747458786457_3244253641878964356_n ဓာတ်ပုံ - MOI[/caption] တပ်မတော်အနေနဲ့ ကလေးစစ်သားစုဆောင်းခြင်း လုံးဝမလုပ်ဘဲ မှားယွင်းစုဆောင်းမိတဲ့ ကလေးတွေကိုလည်း ပြန်ပြီးလွှတ်ပေးနေတယ်လို့ သတင်းကဆိုပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ကုန်အထိ ကလေးစစ်သားစုဆောင်းမှုနဲ့ အရာရှိအဆင့် ၅၀ အပါအ၀င် စစ်သား ၂၇၀ ကျော် စုစုပေါင်း ၃၂၀ကျော်ကို စစ်စည်းကမ်းနဲ့ အရေးယူထားတယ်လို့လည်း သိရပါတယ်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၃ ရက် နေ့ကလည်း ကလေးစစ်သား ၄၀ ကျော်ကို မိဘတွေထံပြန်လည်အပ်နှံခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up