A d v e r t i s e m e n t With Us

မြန်မာ ယူ ၂၀ အသင်းနှင့် အီရန်အသင်း ဒီနေ့ကစားမည်

တူရကီ နိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာ ယူ-၂၀ အသင်းဟာ  တတိယမြောက် ခြေစမ်းပွဲ အဖြစ် အီရန် ယူ -၂၂ အသင်းနဲ့ ဇန်ဝါရီလ ၂၄ ဒီနေ့ ကစားမှာဖြစ်ပါတယ်။ အခုအထိ ကစားပြီးသွားတဲ့ ခြေစမ်းပွဲ နှစ်ပွဲစလုံးမှာ မြန်မာ ယူ ၂၀ အသင်းက တပွဲနိုင်ပြီး၊ တပွဲသရေ ကျခဲ့ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့က ကာဂျစ်ကစ္စတန်ကလပ် တာရက်ဇ် Taraza အသင်းနဲ့ (၂-၂) ဂိုး စီသရေကျခဲ့ပြီး၊ ၂၁ ရက်နေ့ အဇာဘိုင်ဂျန် ယူ၂၁ အသင်းနဲ့ပွဲမှာ မြန်မာအသင်းက (၂ -၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လက်ရှိအသင်းမှာ ဒဏ်ရာရ ကစားသမား မရှိသေးပါဘူး။ စုစုပေါင်း ခြေစမ်းပွဲ ၅ပွဲ ကစားဖို့ ရည်ရွယ်ထားတာဖြစ်လို့  ကျန်ရှိနေတဲ့ ခြေစမ်းပွဲ ၂ ပွဲအတွက် ဂျာမနီ၊ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယား အသင်းတို့နဲ့  ကစားရမှာ ဖြစ်ပါတယ်။ မြန်မာ ၂၀ အသင်းဟာ နယူးဇီလန်နိုင်ငံမှာ  ကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီနိုင်ငံမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကစလို့  သွားရောက်လေ့ကျင့်နေတာဖြစ်ပါတယ်။ ဓာတ်ပုံ - Myanmar Football Federation [gallery ids="78410,78411,78412,78413,78414,78415,78416,78417,78419"]

A d v e r t i s e m e n t With Us

More News
Up