A d v e r t i s e m e n t With Us

ပျက်ကျ အဲအေးရှားလေယာဉ်က အလောင်းအချို့ ထပ်မံရရှိ

အင်ဒိုနီးရှား ရှာဖွေသူတွေက ပျက်ကျခဲ့တဲ့ အဲအေးရှလေယာဉ် ကိုယ်ထည်ထဲကနေ အလောင်း ၆ လောင်းကို ဇန်န၀ါရီလ ၂၃ ရက်နေ့က ပြန်ဆယ်ယူနိုင်ခဲ့ပါတယ်။ ရေအောက်က အခြေအနေတွေက ရာသီဥတု ဆိုးရွားမှုကြောင့် ရေငုပ်သူတွေမှာ အန္တရာယ်ရှိတယ်လို့ အင်ဒိုနီးရှား ရှာဖွေ ကယ်ဆယ်ရေးအေဂျင်စီက အရာရှိ ဆူပရီယာဒီက ပြောပါတယ်။ ရေအောက်အခြေအနေတွေကြောင့် လေယာဉ်ကိုယ်ထည်ထဲမှာ အလောင်းဘယ်လောက် ပိတ်မိနေတယ်ဆိုတဲ့ အရေအတွက် အတိအကျကို မဖော်ထုတ်နိုင်ဘူးလို့ ဆိုပါတယ်။ ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ ရေအောက် မြင်နိုင်စွမ်းနည်းပါးတာတွေကြောင့် ရေတပ်က ရေငုပ်သမားတွေက အလောင်းတွေကို ပြန်ယူဖို့နဲ့ ပင်လယ်ကြမ်းပြင်က လေယာဉ်ရဲ့ ကိုယ်ထည်ကို ဆွဲတင်မယ့် လုပ်ငန်းတွေကို ရပ်ထားရပါတယ်။ မဆယ်နိုင်သေးတဲ့ အဲဒီ လေယာဉ်ကိုယ်ထည်မှာ အလောင်းတွေ ရှိမယ်လို့ အရာရှိတွေက ယုံကြည်နေပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှား အဲအေးရှား လေကြောင်းလိုင်းပိုင် အဲဘတ်စ်အမျိုးအစား A320 ဂျက်လေယာဉ်ဟာ အင်ဒိုနီးရှားကနေ စင်ကာပူကို ပျံသန်းနေတုန်း လမ်းတဝက် ပင်လယ်ထဲမှာ ပျက်ကျပြီး လေယာဉ်ပေါ်ပါသူ ၁၆၂ လုံး သေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အစ်ဂ်နားစီးယပ်စ် ဂျိုနန်ကတော့ လေယာဉ်ဟာ နောက်ဆုံးမိနစ်တွေမှာ ပုံမှန်ထက် ပိုမြန်မြန်မောင်းနှင်ပြီး ပျက်ကျခဲ့တာဖြစ်ကြောင်း ရေဒါသတင်းအချက်အလက်တွေက ပြသနေတယ်လို့ လွှတ်တော် ဇန်န၀ါရီ ၂၀ ရက်က ပြောဆိုခဲ့ပါတယ်။ ဓာတ်ပုံ - ရိုက်တာဗွီဒီယို [gallery ids="78401,78402,78403,78404,78405,78406"]

A d v e r t i s e m e n t With Us

More News
Up