A d v e r t i s e m e n t With Us

အက်ဖ်အေဖလား မန်ယူနှင့် ကိန်းဘရစ်ခ်ျ သရေကျ

အက်ဖ်အေဖလားစတုတ္တအဆင့် ပြိုင်ပွဲအဖြစ် မနေ့က ယှဉ်ပြိုင်သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လိဂ် ၂ က ကိန်းဘရစ်ခ်ျ ယူနိုက်တက် အသင်း ဂိုးမရှိသရေ ကျသွားပါတယ်။ ဒီအတွက် မန်ယူအသင်းရဲ့ အိုးထရက်ဖိုဒ်ကွင်းမှာ ပြန်ကစားရတော့မှာ ဖြစ်ပါတယ်။ မန်ယူနဲ့ယှဉ်ရင် လူအင်အား အသုံးစရိတ် ၀င်ငွေ အစစအရာရာ ကွာဟနေတဲ့ ကိန်းဘရစ်ခ်ျ အသင်းအတွက် ဒီသရေရလဒ်ဟာ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ ကိန်းဘရစ်ခ်ျနည်းပြ ရစ်ချက်မန်နီကတော့ ဒီပွဲအတွက် အရမ်းကို ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။ ဒီသရေရလဒ်ဟာ မန်ယူအတွက် စိတ်ပျက် စရာ ဖြစ်သလို နည်းပြ ဗန်လ်ဂေါအတွက်လည်း ဖိအားတခု ဖြစ်စေပါတယ်။ မန်ယူအသင်းက အခွင့်အရေးတွေပိုရခဲ့သလို ဖယ်လ်ကာအို ဒီမာရီယာနဲ့ ဗန်ပါဆေးတို့ရဲ့ အပိုင်ဂိုးသွင်းချက်တွေကို ကိန်းဘရစ်ခ်ျ ဂိုးသမား ခရစ်ဒန်းက လက်စွမ်းပြကာကွယ်သွားပါတယ်။ ရွန်နီနဲ့ မာတာကို ဒီပွဲမှာ အနားပေးထားပါတယ်။ ကိန်းဘရစ်ခ်ျက ကလပ်အသင်းအဖြစ် ပြန်လည်တည်ဆောက်နေတဲ့ အသင်းဖြစ်ပြီး ၉ နှစ်လောက် ဘောလုံးပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ဒီနှစ်မှာ ဘောလုံးပြိုင်ပွဲကို ပြန်လည် ကစားတဲ့ အသင်း ဖြစ်ပါတယ်။ [gallery ids="78389,78391,78394,78390,78392,78393"]

A d v e r t i s e m e n t With Us

More News
Up