အသင်းကြီးများ ဆီမီးတက်သည့် အာရှဖလား
သြစတြေးလျမှာ ကျင်းပနေတဲ့ ၂၀၁၅ အာရှဖလား ဇန်န၀ါရီ ၂၃ ရက်နေ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ အပြီးမှာ အိမ်ရှင် သြစတြေးလျ၊ အီရတ်၊ တောင်ကိုရီးယား၊ ယူအေအီးအသင်းတို့ ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဂျပန်နဲ့ ယူအေအီး ပွဲစဉ်မှာတော့ ပွဲချိန် မိနစ် ၉၀ အတွင်း တဖက်တဂိုးစီသရေကျနေလို့ အချိန်ပို ယှဉ်ပြိုင်ကစားရာမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ပင်နယ်တီအဆုံးအဖြတ်ကို ခံယူခဲ့ရပါတယ်။
ပင်နယ်တီ ကန်တဲ့အခါမှာ ယူအေအီးက ၅ ဂိုး၊ ၄ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဇန်န၀ါရီ ၂၆ ရက်မှာ တောင်ကိုးရီးယားအသင်းက ၂၀၀၇ အာရှချန်ပီယံ အီရတ်နဲ့ ကစားရမှာ ဖြစ်ပြီး၊ ဇန်န၀ါရီ ၂၇ရက်မှာ အိမ်ရှင် သြစတြေးလျကတော့ ယူအေအီး အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အေအက်ဖ်စီ
[gallery ids="78367,78368,78369,78370"]