A d v e r t i s e m e n t With Us

အာရှဖလား အီရတ်က အီရန်ကို ပင်နယ်တီဖြင့်အနိုင်ယူပြီး ဆီမီးတက်

သြစတြေးလျမှာ ကျင်းပနေတဲ့ ၂၀၁၅ အာရှဖလား ဘောလုံးပြိုင်ပွဲ ကွားတားဖိုင်နယ် ပွဲစဉ်တွေမှာ အီရတ်အသင်းက အီရန်ကို အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီကနေ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ၂ ဖက်အသင်းတွေ အကြိတ်အနယ်ရှိခဲ့ပြီး အီရန်အသင်းက အဖွင့်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ သွင်းယူခဲ့ပြီး ပထမပိုင်းမှာ ဦးဆောင်ခဲ့ပေမယ့်  အီရတ် အသင်းက ပွဲချိန် ၅၆ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ အထိ သရေကျနေတဲ့အတွက် အချိန်ပိုယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲချိန် ၉၃ မိနစ်မှာ အီရတ် အသင်းက ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပေမယ့် ၁၀၃ မိနစ်မှာ အီရတ်အသင်းက ထပ်မံချေပခဲ့ပါတယ်။ ပွဲချိန် ၁၁၅ မိနစ်မှာ အီရတ်အသင်းက ပင်နယ်တီကနေ တဆင့် ဂိုးရရှိခဲ့ပေမယ့် ၁၁၉ မိနစ်မှာ အီရန် အသင်းက ပြန်လည် ချေပခဲ့တဲ့ အတွက် ၃ ဂိုး စီသရေဖြစ်နေလို့ ပင်နယ်တီနဲ့ ပြိုင်ပွဲကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီ ကန်သွင်းရာမှာတော့ အီရတ်အသင်းက ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဆီးမီးဖိုင်နယ်ကို သြစတြေးလျ၊ တောင်ကိုးရီးယား၊ အီရတ် တို့ ၃ သင်း တက်ရောက်လာပြီ ဖြစ်သလို တောင်ကိုးရီးယားအသင်းက အီရတ်နဲ့ ကစားရမှာ ဖြစ်ပြီး သြစတြေးလျကတော့ အခု ယှဉ်ပြိုင် ကစားနေတဲ့ ဂျပန်နဲ့ ယူအေအီး အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ [gallery ids="78341,78342,78345,78343,78344,78346"]

A d v e r t i s e m e n t With Us

More News
Up