A d v e r t i s e m e n t With Us

ပြန်ပေးဆွဲခံ ဂျပန်နိုင်ငံသား ၂ ဦး အခြေအနေ စိုးရိမ်ရ

အစ္စလာမစ်နိုင်ငံတော် (အိုင်အက်စ်) ပြန်ပေးဆွဲထားတဲ့ ဂျပန်နိုင်ငံသား ၂ ဦး ပြန်လွတ်ရေး ကတော့ စိုးရိမ်စရာ ရှိနေဆဲ ဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲစုဂါ က ပြောပါတယ်။ Japan-IslamicState-Hostages-0c49fဇန်န၀ါရီ ၂၀ ရက် အင်တာနက်ပေါ်ကနေတဆင့် ဖြန့်ဝေလိုက်တဲ့ ရုပ်သံထဲမှာ ပြန်ရွေးငွေ ဒေါ်လာ သန်း၂၀၀ကို ၇၂နာရီအတွင်း ဂျပန်အစိုးရက မပေးရင် ဂျပန်သတင်းထောက် ခန်းဂျိ ဂိုတိုနဲ့ ဟရုန ယုခဝတို့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သတ်မှတ်ချိန် နီးကပ်လာတာတဲ့ အမျှ ဂျပန်နိုင်ငံသား၂ယောက်ပြန်လွတ်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်နေသလို လက်ရှိသူတို့ အခြေအနေကို မသိရသေးဘူးလို့ ယိုရှိဟိဒဲစုဂါ က ပြောပါတယ်။ နောက်ဆုံးသတ်မှတ်ချိန်ဟာ ဇန်န၀ါရီ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ဖြစ်မယ်လို့ ဂျပန်အစိုးရက ယူဆထားပါတယ်။ ဂျပန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုတော့ ဂျပန်အစိုးရ ပြောခွင့်ရက မှတ်ချက်ပေး ပြောကြားခဲ့ခြင်း မရှိပါဘူး။ အသက် ၄၂ နှစ် ယုခဝဟာ ဆီးရီးယားနိုင်ငံ အလဲ့ပိုမြို့ပြင်မှာ သြဂုတ်လက အဖမ်းခံရတာ ဖြစ်သလို အသက် ၄၇ နှစ် ဂိုတိုကတော့ အရှေ့အလယ်ပိုင်းဆိုင်ရာ အကြီးတန်းသတင်းထောက် ဖြစ်ပါတယ်။ အောက်တိုဘာလကုန်ပိုင်းက ယုခ၀ကို ကူညီဖို့ ဂိုတိုက ဆီးရီးယားကို လိုက်သွားခဲ့ပြီး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up