ကချင်ဆရာမ ၂ ဦးအတွက် လွမ်းသူ့ပန်းခွေချ (ဓာတ်ပုံ)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ စေတနာ့ဝန်ထမ်းဆရာမလုပ်ရင်း အသတ်ခံခဲ့ရတဲ့ ကချင်အမျိုးသမီးငယ် ၂ ဦးအတွက် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ လွမ်းသူ့ပန်းခွေချ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က ကောင်ခါရှဘောက်ရွာမှာ အဓမ္မကျင့်ပြီး အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်အသင်းက စေတနာဆရာမ ၂ ဦးအတွက် လွမ်းသူ့ပန်းခွေချခြင်းအစီအစဉ်ကို အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၊ အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) နဲ့ အခြားအရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်ရောက်တိုင်းရင်းသူတချို့အပါအ၀င် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ - ဒီဗွီဘီ [gallery ids="78310,78311,78312,78313,78314,78315,78316,78317,78318,78319"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up