A d v e r t i s e m e n t With Us

ကချင်ဆရာမ ၂ ဦးအတွက် ရန်ုကုန်တွင် လွမ်းသူ့ပန်းခွေချ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ စေတနာ့ဝန်ထမ်းဆရာမလုပ်ရင်း အသတ်ခံခဲ့ရတဲ့ ကချင်အမျိုးသမီးငယ် ၂ ဦးအတွက် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ လွမ်းသူ့ပန်းခွေချ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) ရဲ့ ညှိနှိုင်းရေးမှူး မမာမာချိုက ခုလိုပြောပါတယ်။ unnamed3 copy“အဓမ္မပြုခြင်းခံရတဲ့မိန်းကလေးတွေအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ဒီလွတ်လပ်ရေးကျောက်တိုင်မှာ လာရောက်ဆုတောင်းတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။တကယ်တရားမျှတတဲ့ အမှုမှန်ပေါ်ပေါက်လာဖို့အတွက် အမြန်ဆုံးဖော်ထုတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်တွေ ထိထိရောက်ရောက်ပေးဖို့ကိုလည်း ကျမတို့ တောင်းဆိုပါတယ်။” တရားခံကို ဖမ်းဆီးရမိဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့၊ ကချင်ခရစ်ယာန်ဘုန်းတော် နဲ့ ပြည်သူ့စစ်တို့ပါဝင်တဲ့ အဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းရေးတွေ ဆောင်ရွက်နေပေမယ့် တက်ရောက်လာသူတွေ အများစုကတော့ အဲဒီမှာလာရောက်စခန်းချတဲ့ အစိုးရတပ်ကို သံသယ ထားကြတယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ အမျိုးသမီးအများအဖွဲ့ချုပ် မြန်မာနိုင်ငံက ဒေါ်ခင်ဥမ္မာကလည်း ၈ လေးလုံးအရေးအခင်းနောက်ပိုင်း သူတို့တောခိုခဲ့စဉ်ကလည်း အစိုးရတပ်ကနေ တိုင်းရင်းသူတွေအပေါ် မတရားကျင့်တဲ့အမှုတွေရှိခဲ့ကြောင်း အတွေ့အကြုံတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က ကောင်ခါရှဘောက်ရွာမှာ အဓမ္မကျင့်ပြီး အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်အသင်းက စေတနာဆရာမ ၂ ဦးအတွက် လွမ်းသူ့ပန်းခွေချခြင်းအစီအစဉ်ကို အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၊ အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) နဲ့ အခြားအရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်ရောက်တိုင်းရင်းသူတချို့အပါအ၀င် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up