A d v e r t i s e m e n t With Us

မြန်မာ-ကိုရီးယား တပ်မတော်ချင်းပူးပေါင်းမှု တိုးမြှင့်ရန် ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကိုရီးယားတပ်မတော်ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချွဲယွန်ဟီးတို့ဟာ ဇန်န၀ါရီ ၂၂ ရက် နေ့ခင်းပိုင်းက သမ္မတအိမ်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စကို ဆွေးနွေးပါတယ်။ နှစ်နိုင်ငံတပ်မတော်ချင်း ချစ်ကြည်မှုတိုးမြှင့်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ တပ်မတော်က ပါဝင်ကူညီဆောင်ရွက်နေမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်နေမှုတွေကို လည်း ဆွေးနွေးကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတနဲ့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ၂ ဦး၊ နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ပြီး ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ -Senior General Min Aung Hlaing [gallery ids="78252,78253,78254"]

A d v e r t i s e m e n t With Us

More News
Up