မြန်မာတွင် ရပ်နားမည့် ပထမဆုံး ကမ္ဘာပတ် ဆိုလာလေယာဉ်

မတ်လ အစောပိုင်း အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီကနေ ထွက်ခွာလာတဲ့ ပထမဆုံး ကမ္ဘာကို ပတ်မယ့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ လေယာဉ်ဟာ မြန်မာနိုင်ငံမှာ ခရီးတထောက်နားမှာ ဖြစ်ပါတယ်။
အိန္ဒိယကနေ တဆင့် မြန်မာနိုင်ငံ မန္တလေးမြို့မှာ ၀င်ရောက်ရပ်နားမှာ ဖြစ်သလို ဘယ်နေ့မှာ ရောက်ရှိမလဲ ဆိုတာကတော့ မသိရှိရသေးပါဘူး။
[gallery ids="78243,78244,78245"]
သမ္မတ ဦးသိန်းစိန် ဆွစ်ဇာလန်နိုင်ငံ ခရီးစဉ်အတွင်း ဆိုလာလေယာဉ်ကို မောင်းနှင်တဲ့ လေယာဉ်မှူး ဘာထရန် ပီကပ်နဲ့ အွန်ဒရီ ဘော့ရှ်ဘတ်တို့နဲ့ တွေ့ဆုံပြီး မြန်မာကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
သမိုင်းဝင် စွန့်စားမှု တခုအဖြစ် ဆွစ်လေယာဉ်မှူး မောင်းနှင်လာတဲ့ ဒီလေယာဉ်ဟာ မန္တလေးကနေ တဆင့် တရုတ်၊ အမေရိကန်ပြည်ထောင်စုမှာ ရပ်နားပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကာ ဥရောပကနေ တဆင့် အဘူဒါဘီကို ပျံသန်းမှာ ဖြစ်တယ်လို့ ဒီလေယာဉ်နဲ့ပတ်သက်တဲ့ ၀က်ဆိုဒ်မှာ ဖော်ပြပါတယ်။
ဒီလေယာဉ်ဟာ လေယာဉ်မှူး တဦးသာ လိုက်ပါစီးနင်းနိုင်ပြီး တဦးကို နေရာညပါ ၅ ရက်စီ အလှည့်ကျ မောင်းနှင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာတ၀န်းကို ပတ်ဖို့ ၂၅ ရက်ကြာမြင့်မှာ ဖြစ်ပေမယ့် ၅ လကြာ အချိန်ယူမောင်းနှင်မှာ ဖြစ်ပါ တယ်။
လေယာဉ်ဟာ ၁ နာရီကို ကီလိုမီတာ ၅၀ကနေ ၁၀၀ အကြား မောင်းနှင်ပြီး ကမ္ဘာတ၀န်း ကီလိုမီတာ ၃၅၀၀၀ မောင်းနှင်ရမှာ ဖြစ်ပါတယ်။ လေယာဉ် တောင်ပံကတော့ ဘိုအင်း ၇၄၇ လေယာဉ်တောင်ပံထက် ၁၂ ပေ ပိုကျယ်တယ်လို့ ဆိုပါတယ်။
လေယာဉ်ကတော့ ၂၃၀၀ ကီလိုဂရမ်သာလေးတဲ့ အတွက် မိသားစုစီးနင်းနိုင်တဲ့ ကားတစီး အလေးချိန်လောက်သာ ရှိနေပါတယ်။
ညအချိန်မှာ ပျံသန်းနိုင်ဖို့ အတွက် ဘက္ကထရီတွေက လုံလောက်တဲ့ စွမ်းအင်ကို သိုမှီးထား နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာတ၀န်းကို ပတ်တဲ့ လေယာဉ်တည်ဆောက်ဖို့ အတွက် အချိန် ၁၂ နှစ်လောက် ယူခဲ့ရသလို
အရင် တည်ဆောက်ခဲ့တဲ့ လေယာဉ်ပုံစံတွေကို ကြည့်ပြီး ပိုကောင်းအောင် တည်ဆောက်ထား တယ်လို့ လေယာဉ် ထုတ်လုပ်သူတွေက ပြောပါတယ်။
ပျံသန်းစဉ်မှာ စိန်ခေါ်မှုတချို့ရှိခဲ့သလို လေယာဉ် တစုံတခု ချွတ်ယွင်းသွားမယ်ဆိုရင်လည်း နောက်တစီး ထပ်တည်ဆောက်ပြီး ခရီးစဉ်ကို ဆက်လက်ထွက်ခွာမယ်လို့ ပြောပါတယ်။
၂၀၁၃ ခုနှစ်မှာလည်း လေယာဉ်မှူး ၂ ဦးဟာ အရင်က တည်ဆောက်ခဲ့တဲ့ ဆိုလာလေယာဉ်တွေနဲ့ အမေရိကန် တ၀န်း ပျံသန်းခဲ့ပါတယ်။
အရင်က ကမ္ဘာတ၀န်းကို ပတ်ဖို့ ကြိုးစားရာမှာတော့ မအောင်မြင် ဖြစ်ခဲ့ပါတယ်။