A d v e r t i s e m e n t With Us

ဟင်္သာတမတ်ပဲခင်း ကြွက်များ ၀င်ရောက်ဖျက်ဆီး

ဟင်္သာတမြို့နယ်အတွင်းက ကျေးရွာတချို့မှာ မတ်ပဲ ရင့်မှည့်ခါနီးအချိန် မတ်ပဲခင်းတွေထဲ ကြွက်တွေ ၀င်ရောက်ဖျက်ဆီးတာကြောင့် မတ်ပဲခင်းတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရပါတယ်။ မတ်ပဲ စတင်စိုက်ပျိုးပြီး ၁ လ လောက်အကြာက ၁ ကြိမ် ဝင်ရောက် ကိုက်ဖျက်ခဲ့ပြီး ပြီးခဲ့တဲ့ ၁ ပတ်လောက်က ဒုတိယအကြိမ် ကိုက်ဖြတ်စားသောက်ခဲ့ကြတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။ ကြွက်သတ်ဆေးချတာ၊ ကြွက်ထောင်သမားတွေ၊ ကြွက်ပစ်သမားတွေနဲ့ နှိမ်းနင်းပေမယ့် မရဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဇလွန်မြို့နယ် ပျဉ်းမကုန်းအုပ်စုနဲ့ ဟင်္သာတမြို့နယ် ကြခတ်ကွင်းအုပ်စုတွေမှာ စိုက်ပျိုးပြီးစ မိုးစပါးခင်းတွေထဲ ကြွက်တွေ ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ် ရှိခဲ့ဖူးပါတယ်။ [gallery ids="78235,78236,78237"]

A d v e r t i s e m e n t With Us

More News
Up