အီဘိုလာစစ်ဆေးမှု စိတ်ရှည်ကြရန် ပရိသတ်များကို တိုရေး တိုက်တွန်း

792
ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေအနေနဲ့ ကွင်းအတွင်း မ၀င်ရောက်မီ အီဘိုလာ စစ်ဆေးတာကို စိတ်ရှည်ဖို့ အိုင်ဗရီကိုစ့် လက်ရွေးစင် ကိုလိုတိုရေးက တိုက်တွန်းလိုက်ပါတယ်။
ပြိုင်ပွဲမကြည့်မီ အီဘိုလာ စစ်ဆေးတာဟာ နှောင့်နှေးကြန့်ကြာတဲ့အတွက် ရဲတွေနဲ့ ပရိသတ်တွေ မကြာခဏ တွန်းထိုး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အီဘိုလာရှိနိုင်တဲ့ ပွဲကြည့်ပရိသတ်တဦးဦးဆီကနေ ကွင်းအတွင်းမှာ အီဘိုလာရောဂါ ကူးစက်နိုင်တာကြောင့် စစ်ဆေးဖို့ဟာ အရေးကြီးတယ်လို့ ထင်ကြောင်း တိုရေးက ပြောပါတယ်။
အရင်ရက်ပိုင်းက ကွင်းအတွင်းကို လက်မှတ်မရှိဘဲ ၀င်ရောက်ဖို့ကြိုးစားတဲ့ ပရိသတ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပရိသတ်တွေက ပုလင်းတွေ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေက မီးခိုးဗုံးတွေသုံး လူစုခွဲခဲ့ရပါတယ်။
ဒါကြောင့် အီဘိုလာစစ်ဆေးမှုတွေကို လုပ်ဆောင်ပေးနေတဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ ၀န်ထမ်းတွေက အီကွေတိုရီးယား ဂီနီယာနိုင်ငံမှာ ကျင်းပတဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ သူတို့ လုံခြုံရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
[gallery ids="78223,78224,78225,78226"]