ဆော်ဒီဘုရင် အဗ္ဗဒူလာ ကွယ်လွန်

ဆော်ဒီဘုရင် အဗ္ဗဒူလာ ဘင်အက်ဒူလာဇစ်ဟာ ဇန်န၀ါရီ ၂၃ ရက် မနက် ၁ နာရီ ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ တော်ဝင်မိသားစု တွေက ထုတ်ပြန်ပါတယ်။
ဒီအတွက် ညီဖြစ်သူ ဆာလ်မန်က ဘုရင်ဖြစ်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အသက် ၉၀ ဘုရင် အဗ္ဗဒူလာဟာ အဆုတ်ကူးစက်ရောဂါကြောင့် သီတင်းပတ်အတော်ကြာ ဆေးရုံတင်ထားရပါတယ်။
၂၀၀၅ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ အဗ္ဗဒူလာဟာ မကြာခင် နှစ်ပိုင်းကစပြီး ကျန်းမာရေး ဆိုးဝါးလာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်ပြီး အယ်လ်ကိုင်းဒါးတွေကို တိုက်ထုတ်ရာမှာ ပူးပေါင်းဆောင်ရွက်ခဲ့သလို အမျိုးသမီးတွေ အခွင့်အရေး ပိုမိုရရှိဖို့ အပါအ၀င် သိသာတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အဗ္ဗဒူလာ လက်ထက်မှာ ဆောင်ရွက်ခဲ့ပါတယ်။
ဘုရင်သေဆုံးသွားတဲ့အတွက် ပိုမိုတိုးပွားလာနေတဲ့ အတွင်းပိုင်းလုံခြုံရေး ပြဿနာတွေကို ဆော်ဒီက ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
အဗ္ဗဒူလာဘုရင်မှာ နီး ၁၂ ဦးကျော်နဲ့ သားသမီး ၃၀ ကျော် ကျန်ရစ်တယ်လို့လည်း သတင်းတွေက ရေးပါတယ်။
ဆော်ဒီဘုရင် ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ယခင် တွေ့ဆုံစဉ်က (ဓာတ်ပုံ - ရိုက်တာ)
[gallery ids="78194,78195,78196,78197,78198,78199,78200,78201,78202"]