အာရွဖလား ၾသစေၾတးလ် ဆီမီးတက်ပြီ

1.2K
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ အာရှဖလား ဘောလုံးပြိုင်ပွဲ ကွားတားဖိုင်နယ်ပွဲစဉ်အဖြစ် သြစတြေးလျ အသင်းက တရုတ် အသင်းကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
သြစတြေးလျ အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပွဲချိန် ၄၉ နဲ့ ၆၅ မိနစ် မှာ သြစတြေးလျ အသင်းက တင်ကာဟေလ်းက ၂ ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ကို တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ တရုတ်၊ သြစတြေးလျ၊၊ အီရန်၊ အီရတ်၊ ဂျပန်နဲ့ ယူအေအီးအသင်းတို့ တက်ရောက်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တောင်ကိုးရီးယားနဲ့ သြစတြေးလျအသင်းတို့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အီရန်နဲ့ အီရတ်၊ ဂျပန်နဲ့ ယူအေအီးအသင်းတို့ ကစားရမှာ ဖြစ်ပါ တယ်။
တောင်ကိုးရီးယားက ဆီးမီးဖိုင်နယ်မှာ အီရန်နဲ့ အီရတ်အသင်းက အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်သလို သြစတြေးလျကတော့ ဂျပန်နဲ့ ယူအေအီးအသင်းက အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
[gallery ids="78191,78187,78188,78189,78190"]