မြန်မာ့ဆက်သွယ်ရေးကို ဟင်္သာတတွင်​ ဆန္ဒပြမည်

ခရိုင်​မြို့ဖြစ်ပေမယ့် ပတ်​၀န်းကျင်​မြို့​တွေ​လောက်​ တယ်​လီဖုန်းလိုင်း​ မ​ကောင်းတာ​ကြောင့်​ မြန်​မာ့ဆက်​သွယ်​​ရေး (အမ်ပီတီ)နဲ့ မြန်​မာ့စီးပွား​ရေးဦးပိုင်​ (အမ်အီးစီ) ကို ဆန္ဒ​ဖော်​ထုတ်​ဖို့ ဟင်္သာတမြို့မှာ စီစဉ်​​နေပါတယ်​။ "ဇလွန်​၊ ကျုံ​ပျော်​မြို့​တွေက​တောင်​ လိုင်း​ကောင်း​သေးတယ်​။ ခုက​တော့ ဖုန်းကဒ် တစ်​မျိုးမျိုးကို ​ရောင်းချင်​ပြီဆိုရင်​ အဲဒီလိုင်း​ကောင်း​နေတယ်။ ​နောက်​​တော့ အရင်​လို ပြန်​မ​ကောင်​ဘူး ဖြစ်​သွားတာပါပဲ" လို့ ဦး​ဆောင်​စီစဉ်​​နေသူတဦးဖြစ်တဲ့ ဦးမြင့်​နိုင်​က ​ပြောပါတယ်​။ ဒါဟာ အများနဲ့ဆိုင်​တဲ့ ကိစ္စဖြစ်​တာမို့ အားလုံးပါဝင်​နိုင်​​အောင်​ စီစဉ်​​နေသလို ဆန္ဒထုတ်ဖော်ရာမှာ ခံစားချက်တွေကို ဖော်ပြတဲ့ ကာတွန်းတွေ အသုံးပြုမှာ ဖြစ်ပြီး ခွင့်ပြုမိန့် တင်သွားမယ်လို့ သူက ပြောပါတယ်။ ​ဒေသခံ ဦးဝင်းနိုင်​က "ကျနော်​တို့ဆိုရင်​ တယ်​လီ​နောတို့၊ ​အော်​ရီဒူးတို့ကိုပဲ အားကိုး​နေရပြီ" လို့ ​ပြောပါတယ်​။ ဒီကိစ္စအတွက် ဟင်္သာတ မြန်​မာ့ဆက်​သွယ်​​ရေး တာဝန်​ခံ ​ဒေါ်ဝင်းမာ​အေးကို ဒီဗွီဘီက ဆက်​သွယ်​ခဲ့​ပေမယ့်​ ဖုန်းကိုင်​ ​ဖြေဆိုခြင်း မရှိပါဘူး။ မြန်​မာ့ဆက်​သွယ်​​ရေး ဖုန်းလိုင်း​တွေ မ​ကောင်းလို့ ကသာမြို့မှာ ဆန္ဒပြဖို့ ၂ ​ကြိမ်​ စီစဉ်​ခဲ့တဲ့ နောက်ပိုင်း ဖုန်းလိုင်း​တွေ ​ကောင်းမွန်​လာခဲ့ပါတယ်​။ [gallery ids="78206,78207,78208,78209"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up