အာရှဖလား တောင်ကိုရီးယား ဆီမီးတက်ပြီ
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ အာရှဖလား ဘောလုံးပြိုင်ပွဲ ကွားတားဖိုင်နယ်ပွဲစဉ်အဖြစ် တောင်ကိုရီးယားက ဥဇဘက် ကစ္စတန် အသင်းကို အနိုင်ကစားပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပွဲချိန် မိနစ် ၉၀ အတွင်း ဂိုးမသွင်းနိုင်တဲ့ အတွက် အချိန်ပို ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ပွဲချိန် ၁၀၄နဲ့ ၁၁၉ မိနစ်မှာ ဆောင်ဟုန်မင်းက ၂ ဂိုးစလုံး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်းရဲ့ ဂိုးရဖို့ အတွက် သေချာပေါက် ကန်ချက်တွေကို ဥဇဘက်ကစ္စတန် အသင်း ဂိုးသမားအကောင်းဆုံး လက်စွမ်းပြကာကွယ်သွားပါတယ်။
ကွာတားဖိုင်နယ်ကို တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ တရုတ်၊ သြစတြေးလျ၊၊ အီရန်၊ အီရတ်၊ ဂျပန်နဲ့ ယူအေအီးအသင်းတို့ တက်ရောက်လာတာ ဖြစ်ပါတယ်။