အာရှဖလား တောင်ကိုရီးယား ဆီမီးတက်ပြီ

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ အာရှဖလား ဘောလုံးပြိုင်ပွဲ ကွားတားဖိုင်နယ်ပွဲစဉ်အဖြစ် တောင်ကိုရီးယားက ဥဇဘက် ကစ္စတန် အသင်းကို အနိုင်ကစားပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပွဲချိန် မိနစ် ၉၀ အတွင်း ဂိုးမသွင်းနိုင်တဲ့ အတွက် အချိန်ပို ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ပွဲချိန် ၁၀၄နဲ့ ၁၁၉ မိနစ်မှာ ဆောင်ဟုန်မင်းက ၂ ဂိုးစလုံး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းရဲ့ ဂိုးရဖို့ အတွက် သေချာပေါက် ကန်ချက်တွေကို ဥဇဘက်ကစ္စတန် အသင်း ဂိုးသမားအကောင်းဆုံး လက်စွမ်းပြကာကွယ်သွားပါတယ်။ ကွာတားဖိုင်နယ်ကို တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ တရုတ်၊ သြစတြေးလျ၊၊ အီရန်၊ အီရတ်၊ ဂျပန်နဲ့ ယူအေအီးအသင်းတို့ တက်ရောက်လာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up