ပြန်ပေးဆွဲခံ ဂျပန်ဓားစာခံ ၂ ဦးရဲ့ လောလောဆယ်အခြေအနေက ခက်ခဲနေပေမယ့် အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ တောင်းဆိုချက်ကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ ဂျပန်အစိုးရက ဒီနေ့ ပြောကြားလိုက်ပါတယ်။
အိုင်အက်စ်အုပ်စုဟာ ဇန်န၀ါရီ ၂၀ ရက်နေ့က ဂျပန်နိုင်ငံသား ဓားစာခံ ၂ ဦးကို ပြပြီး ၇၂ နာရီအတွင်း ပြန်ရွေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ရုပ်သံကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
[caption id="attachment_78152" align="alignright" width="368"]

ယိုရှိဟိဒဲ ဆုင[/caption]
“ဒါဟာ တကယ့်ကို ခက်ခဲတဲ့ အခြေအနေဖြစ်တယ်။ ကျနော်တို့ဟာ ပြန်ပေး ဆွဲမှုအတွက် ဖြစ်နိုင်သမျှ အကုန်လုပ်နေပါတယ်။ ဒါပေမယ့် ဂျပန်ဟာ အကြမ်းဖက်ဝါဒကို အလျှော့ပေးမှာ မဟုတ်ဘဲ နိုင်ငံတကာ လူ့အဖွဲ့အစည်းနဲ့အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး အားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင် သွားမယ်” လို့ ဂျပန်အစိုးရပြောခွင့်ရနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲ ဆုငက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုပ်သံက အင်တာနက်ပေါ် ရောက်လာတာသာ ဖြစ်ပြီး အိုင်အက်စ်တွေက ဂျပန်အစိုးရကို တိုက်ရိုက်ဆက်သွယ်မှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
တောင်းဆိုမှုကိုတော့ အလျှော့ပေးမှာ မဟုတ်ဘဲ နိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာ ဂျပန်အစိုးရရဲ့ သြဇာနဲ့ အခန်းကဏ္ဍအားလုံးကိုသုံးပြီး လုပ်နိုင်သမျှ နည်းလမ်းအားလုံးကို လုပ်နေတယ်လို့ သူက ပြောပါတယ်။
ပြန်ပေးဆွဲခံ ဂျပန်နိုင်ငံသားထဲက တဦးဟာ အလွတ်သတင်းထောက် ဖြစ်ပါတယ်။