ယူကရိန်းနှင့် တရုတ် အပြန်အလှန် ဆက်ဆံရေးတိုးမြှင့်ရန် ဆွေးနွေး

1.6K
ယူကရိန်းသမ္မတ ပတ်ထရို ပိုရိုရှန်ကိုနဲ့ တရုတ်ဝန်ကြီးချုပ် လီကီချန်တို့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့က ညီလာခံဆက်စပ်အစည်းအဝေးမှာ တွေ့ဆုံပြီး ၂ နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ရုရှားတပ်သား အယောက် ၉ ထောင်ဟာ ယူကရိန်းမြေပေါ်မှာ ရှိနေပြီး ခွဲထွက်ရေးသမားတွေကို ပံ့ပိုးနေတယ်လို့ ပြောရင်း ရုရှားအစိုးရက တပ်တွေကို ပြန်ဆုတ်ရေး ဆော်သြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဘီလာရုစ်နိုင်ငံ မင့်ခ်စ်မြို့မှာ ရုရှား၊ ယူကရိန်းနဲ့ ခွဲထွက်ရေး ခေါင်းဆောင်တွေကြား သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးစီမံကိန်းကို ရုရှားအစိုးရက လိုက်နာဖို့လည်း ယူကရိန်းသမ္မတက ပြောခဲ့ပါတယ်။
အဲဒီလို ဆော်သြပြီး နာရီပိုင်းအကြာမှာ တရုတ်ဝန်ကြီးချုပ်နဲ့ အစည်းအဝေး လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ခဲ့တဲ့ ယူကရိန်းအကျပ်အတည်း အတွင်းသေဆုံးသူ အယောက် ၄၈၀၀ ရှိနေပါပြီ။
တရုတ်နဲ့ ရုရှားဟာ နီးကပ်တဲ့ သံတမန်နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ ရှိနေပါတယ်။ ဒါပေမယ့် တရုတ်ဟာ ယူကရိန်းအကျပ်အတည်းမှာ ဘေးထွက်နေခဲ့ပြီး ဘက်လိုက်တယ်လို့ အမြင်မခံရအောင် ကြိုးစားခဲ့ပါတယ်။
ဒီအရေးကို ဖြေရှင်းဖို့ ဆွေးနွေးပွဲတွေ လုပ်ရေးလည်း ဆော်သြခဲ့ပါတယ်။ တရုတ်ကနေ ရုရှားကို တင်ပို့ကုန်ဟာ ၂၀၁၃ ခုနှစ်ကထက် ၂၀၁၄ ခုနှစ်ရဲ့ရှေ့ပိုင်း ၉ လမှာ ၁၀.၅ ရာခိုင်နှုန်း တိုးတက်လာပြီး တင်သွင်းကုန်ကတော့ ၂.၉ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။
စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀.၇၈ ဘီလီယံ ရှိခဲ့ပါတယ်။ အရင်အပတ်ကတော့ တရုတ်နိုင်ငံခြားငွေကြေးဖလှယ်မှု စည်းကြပ်သူတွေက ရုရှားရူဘယ်ငွေ ဈေးနှုန်းကျဆင်းမှုကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် နယ်စပ်ဖြတ်ကျော် ငွေစီးဆင်းမှုကို သိသိသာသာ သက်ရောက်မယ်လို့တော့ ရှုမြင်မထားပါဘူး။
သတင်းဓာတ်ပုံ - ရိုက်တာဗွီဒီယို
[gallery ids="78126,78127,78128"]