A d v e r t i s e m e n t With Us

ကုလအရာရှိကို စော်ကားမှု ပြတ်ပြတ်သားသား ရှုတ်ချရန် တောင်းဆို

မစ္စ ယန်ဟီးလီ
လွန်ခဲ့တဲ့သီတင်းပတ်က ဆရာတော် ဦးဝီရသူက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးနှိမ်စော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟာ လုံးဝလက်သင့်ခံနိုင်စရာမရှိဘဲ မြန်မာ့ဘာသာရေး နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက ပြတ်ပြတ်သားသားရှုတ်ချကြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကာလတလျှောက် ကုလသမဂ္ဂဘက်က မကြုံစဖူး တောင်းဆိုချက်ဖြစ်ပါတယ်။ [caption id="attachment_78090" align="alignright" width="291"]1506687_980211385340111_4542788590490825508_n copy ဆရာတော် ဦးဝီရသူ[/caption] မစ္စယန်ဟီးလီရဲ့ ပြီးခဲ့တဲ့  မြန်မာနိုင်ငံခရီးစဉ်မှာ မစိုးရိမ်ဆရာတော် ဦးဝီရသူက ‘-သည်မ’ ဆိုတဲ့ ကြမ်းတမ်းတဲ့ စကာလုံးသုံးစွဲပြီး ပြစ် တင်ဝေဖန်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာ မင်းကြီး ဇာအိရာအာ အယ်လ်ဟူစိန် (Zeid Ra'ad Al Hussein) က ဇန်န၀ါရီလ ၂၁ ရက်နေ့စွဲနဲ့ ကြေညာ ချက် ထုတ်ပြန် တောင်း ဆိုလိုက်တာပါ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထူးသံတမန်တဦးကို ခုလိုဆက်ဆံတာဟာ သည်းခံနိုင်စရာမရှိတဲ့အကြောင်းနဲ့ အများပြည်သူရှေ့မှောက်မှာ ဒီလိုစက်ဆုပ်ရွံရှာစရာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အပါအ၀င် မုန်းတီးအောင် လှုံ့ဆော်တဲ့ပုံစံအားလုံးကို ပြတ်ပြတ်သားသားရှုတ်ချကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးက  တောင်းဆိုပါတယ်။ [caption id="attachment_78092" align="alignleft" width="273"]ဇာအိရာအာ အယ်လ်ဟူစိန် ဇာအိရာအာ အယ်လ်ဟူစိန်[/caption] ကုလသမဂ္ဂ အရာရှိရဲ့ ထုတ်ပြန်ချက်မှာ ဆရာတော် ၀ီရသူကို သြဇာရှိသော သံဃာတော်တပါးလို့ သုံးနှုန်းခဲ့ပါတယ်။ ဦးဝီရသူရဲ့ ဟောပြောချက်နဲ့ အသုံးအနှုန်းတွေ အပေါ် မြန်မာအစိုးရပိုင်း ကရော၊ ဘာသာရေးဆိုင် ရာ၊ နိုင်ငံရေးဆိုင်ရာ မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ဟန့်တားမှု သတိပေးအကြံပြုမှုတွေ လူသိရှင်ကြား မတွေ့ရ ဖြစ်ခဲ့ရပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ [caption id="attachment_78091" align="alignright" width="289"]မစ္စ ယန်ဟီးလီ မစ္စ ယန်ဟီးလီ[/caption] မစ္စယန်ဟီးလီဟာ သူ့ကို လုပ်ပိုင်ခွင့်အပ်နှင်း ထားတဲ့အတိုင်း အဓိကလူ့အခွင့်အရေး ကိစ္စကို ဆောင်ရွက်သ လို နိုင်ငံတွင်းလူနည်း စုတွေရဲ့ ကိစ္စနဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ကိစ္စကို  ဆောင်ရွက်တာဖြစ်ပါတယ်။ သူက ရခိုင်ပြည်နယ်အခြေအနေနဲ့ စခန်းတွေထဲက မွတ်စလင်ဒုက္ခသည်တွေရဲ့ အခက်အခဲတွေပေါ်မှာ အလွန်အမင်း စိုးရိမ်ပူပန်ပါတယ်။ လွှတ်တော်မှာ တင်သွင်းထားတဲ့ မျိုးစောင့်ဥပဒေ လေးရပ်နဲ့ပတ်သက်လို့ ဘာသာရေးနဲ့ လူနည်းစုဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖြစ်နိုင်ဖွယ်တွေကို သူက သတိပေးထားပါတယ်။ သူ့ကိုတိုက်ခိုက်ကြမယ့်အစား သူစိုးရိမ်ပူပန်တဲ့ကိစ္စတွေကို ကိုင်တွယ်မှုမှာ ပါဝင်ဆောင်ရွက်ကြဖို့ မြန်မာပြည်က ဘာသာရေး၊ လူမှုရေးနဲ့ လူမှုအသိုင်းအ၀ိုင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက ဖိတ်ခေါ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up