နှစ် ၄၀ အတွင်း အာဖရိက ဖလားပြိုင်ပွဲ ကွန်ဂို ပထမဆုံး အနိုင်ရ

၂ နှစ်တကြိမ်ကျင်းပတဲ့ အာဖရိက နိုင်ငံများ ဖလား ဘောလုံး ပြိုင်ပွဲမှာ နှစ်ပေါင်း ၄၀ အတွင်း ကွန်ဂိုနိုင်ငံ ဘောလုံးအသင်းက ပထမဆုံးအကြိမ် အဖြစ် အနိုင်ရရှိခဲ့ပါတယ်။
၁၉၇၄ ခုနှစ်ကတည်းက ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ခြင်းမရှိတဲ့ကွန်ဂိုအသင်းဟာ ဂါဘွန်းနိုင်ငံ ဘောလုံး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲနိုင်လိုက်တဲ့ အတွက် ၂ ပွဲကစား ၁ ပွဲသရေနဲ့ ၄ မှတ်နဲ့ အုပ်စု (က) မှာ ပထမနေရာကနေ ရပ်တည်နေသလို ဂါဘွန်းအသင်းကတော့ ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံးနဲ့ အုပ်စု ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။
ကွန်ဂို အသင်းဟာ အာဖရိက ဖလားပြိုင်ပွဲကို ၂၀၀၀ ခုနှစ်က နောက်ဆုံး ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ ဗိုလ်စွဲခဲ့ဖူးပါတယ်။
အုပ်စု (က)မှာ ကွန်ဂို၊ ဂါဘွန်း၊ အီကွေတိုးရီးယား ဂီနီယာ၊ ဘာကီနာ ဖာဆို အသင်းတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၇ကနေ ဖေဖော်ဝါရီ ၈ ရက်နေ့ အထိ အီကွေတိုးရီးယား ဂီနီယာ နိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိက ဖလားပြိုင်ပွဲမှာ အာဖရိက ၁၆ နိုင်ငံ ကိုယ်စားပြု ဘောလုံး အသင်းတွေ ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။
[gallery ids="78097,78098,78103"]