ပြန်ပေးဆွဲခံရသူ ကယ်ထုတ်နည်း တောင်ကိုရီးယား စစ်တပ်နှင့်ရဲ လေ့ကျင့်
တောင်ကိုရီးယား ရဲအဖွဲ့နဲ့ စစ်တပ်တို့ဟာ ပြန်ပေးသမားကို တိုက်ခိုက်နည်းနဲ့ ပြန်ပေးဆွဲခံရသူ ကယ်ထုတ်နည်းတွေကို ဇန်န၀ါရီ ၂၁ ရက်နေ့ လေ့ကျင့်ခဲ့ကြပါတယ်။
တိုက်ခိုက်မှုတွေ ဖြစ်လာရင် အဆင့်သင့် အနေအထားမှာ ရှိတယ်ဆိုတာကို ပြသတဲ့ သဘောဖြစ်တယ်လို့ ရဲအထူးတပ်ဖွဲ့က အရာရှိတဦးက ပြောပါတယ်။
“ဒီနေ့ လေ့ကျင့်ခန်းက အကြမ်းဖက်သမားတွေကို တုံ့ပြန်ဖို့ လေ့ကျင့်တာပါ။ ရဲနဲ့ စစ်တပ်က အထူးကွန်မန်ဒို တပ်ဖွဲ့က ပူးတွဲလေကျင့်တာပါ။ ပြည်သူတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်တာကို မခံရအောင် အတတ်နိုင်ဆုံး ကာကွယ်သွားမယ်။”
ပူးတွဲလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် ၅၀ ပါဝင်ပြီး၊ ရဟတ်ယာဉ်နဲ့ စစ်တပ်သုံးယာဉ်တွေလည်း ပါဝင်ပါတယ်။
ဓာတ်ပုံ - ရိုက်တာဗွီဒီယို
[gallery ids="78071,78072,78073,78074,78075,78076,78077,78078"]