ဓားစာခံများအရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂျော်ဒန်အရာရှိများနှင့် ဆွေးနွေး

Untitled-3 copyဂျပန်နိုင်ငံခြားရေးဝန်ကြီး ယာစူဟိုက်ဒီ နာကာယာမာဟာ ဂျော်ဒန်အရာရှိတွေနဲ့ ဖမ်းဆီးခံ ဂျပန် ဓားစာခံ ၂ ဦးအရေး ဆွေးနွေးခဲ့ပါတယ်။ ဇန်န၀ါရီ ၂၁ ရက်နေ့က ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့တော်က ဂျပန်သံရုံးမှာ သွားရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇန်န၀ါရီ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ရှင်ဇိုအဘေးက အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) အကြမ်းဖက်အဖွဲ့တွေ ဖမ်းထားတဲ့ ဂျပန်လူမျိုး ၂ ဦး ပြန်လည်လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ၆ ရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်ကနေ မြို့တော်တိုကျိုကို ပြန်ရောက်ပြီးနောက် ၀န်ကြီးချုပ်အဘေးဟာ ဓားစားခံ ၂ ယောက်အရေးကို အမြန်ဆောင်ရွက်တာဖြစ်ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့က အိုက်အက်စ်အဖွဲ့က အွန်လိုင်းကတဆင့် ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုထဲမှာ ဂျပန်လူမျိုး ဓားစားခံ ၂ ဦးကို အမေရိကန် ဒေါ်လာ သန်း ၂၀၀ နဲ့ ပြန်မရွေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up