နော်ဝေ ရှေ့တန်းတိုက်စစ်မှူး ရီးရဲလ်ခေါ်

1.2K
နော်ဝေနိုင်ငံ ရှေ့တန်း တိုက်စစ်မှူး မာတင်အိုဒီဂတ်ကို စပိန်လာလီဂါက ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။
အပြောင်းအရွှေ့ဈေးနှုန်းကို ရီးရဲလ်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ယူရို ၃ သန်းရှိ မယ်လို့ စပိန်သတင်းတွေက ရေးပါတယ်။
အသက် ၁၆ နှစ် အိုဒီဂတ်က ဇန်န၀ါရီ ၂၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ဆိုပါတယ်။ ပြင်သစ် လက်ရွေးစင် ဇီဒန်း နည်းပြနေတဲ့ ရီးရဲလ် (ခ) အသင်းမှာ သူကစတင်ကစားရမှာ ဖြစ်ပါ တယ်။
အသက် အငယ်ဆုံးကစားသမားအဖြစ် နော်ဝေ ပရီးမီးယားလိဂ်က စတောင်းဂေါ့ဆက် ကလပ် အတွက် ဂိုးတွေ သွင်းယူခဲ့တဲ့ အိုဒီဂတ်က အရင်နှစ်ကနေ စတင် လူသိများလာတာ ဖြစ်ပါ တယ်။
ကလပ်အသင်းအတွက် ၂၃ ပွဲကစားရာမှာ ၅ ဂိုးသွင်းထားပြီး ၇ ဂိုးသွင်းယူဖို့ ဖန်တီးပေးထားပါတယ်။
သြဂုတ်လက နော်ဝေအသင်း ကိုယ်စားပြုပြီး ပထမဆုံး ယှဉ်ပြိုင်ကစားခဲ့ရာမှာ အိုဒီဂတ်ကို ဥရောပ အသင်းတော်တော်များများက ချိတ်ဆက်ခဲ့ကြပါတယ်။
ဂျာမနီ ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် မန်ချက်စတာယူနိုက်တက် ကလပ်အသင်းတွေ လာရောက် လေ့ကျင့်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။
သူကစားပုံကို ဘာစီလိုနာအသင်းက လီယွန်နယ် မက်ဆီနဲ့ တူတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့သလို ရီးရဲလ် နည်းပြ အန်ဆယ်လော့တီက အစွမ်းအစရှိတဲ့ လူငယ်အဖြစ် ပြောဆို ခဲ့ဖူးပါတယ်။