ပရီးမီးယားလိဂ်ကနေ ဂျရတ် စွန့်ခွာသွားတော့မှာကို မော်ရင်ဟို ၀မ်းနည်းဟု ပြော

1.8K
လီဗာပူးလ်ကွင်းလယ်လူဂျရတ် အခုနှစ်ရာသီကုန်မှာ ပရီးမီးယားလိဂ်ကနေ စွန့်ခွာ သွားတော့မှာကို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ၀မ်းနည်းတယ်လို့ ပြောကြားလိုက်ပါတယ်။
လီဗာပူးလ်ရဲ့ နှစ်ရည် အမာခံကစားသမား ဖြစ်ခဲ့တဲ့ ဂျရတ်ဟာ အခု ရာသီအကုန်မှာ အမေရိကန်မေဂျာလိဂ်ကလပ် LA Galaxy အသင်းကို ပြောင်းရွှေ့တော့မှာပါ။
ချဲလ်ဆီးနည်းပြက သူပရီမီးယားက ထွက်သွားတာ ပရီးမီးယားလိဂ်မှာ အားနည်းသွားမှာ ဖြစ်သလို ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေ စုနေတာကို နှစ်သက်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ လိုအပ်တဲ့အရည်အချင်းထက်တောင် ပိုရှိနေသေးတယ်လို့ မော်ရင်ဟိုက ပြောဆိုလိုက်တာပါ။
မော်ရင်ဟို ဟာ ၂၀၀၄ ခုနှစ် ချဲလ်ဆီးကို ပထမ တခေါက် ရောက်စဉ်က ဂျရတ်ကို ခေါ်ဖို့ ကြိုစားခဲ့ဖူးပါတယ်။
[gallery ids="78029,78030,78031,78042"]